
APM ၊ ဂျန်နဝါရီ ၉ / ၂၀၂၃
ဂျန်နဝါရီ ၆ရက်နိက နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်းရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့်ပစ်ခ၍ ၂ ယောက်သီဆုံးခရ သည့်မောင်တောမြောက်ပိုင်းဖြစ်စဉ်၌ ဒဏ်ရာရသူများအနက်မှ ၄ ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂျန်နဝါရီ ၆ ရက်နိညည့်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို(မြို)ကျေးရွာအနီး နယ်ခြားစောင့် စခန်းတွင် တပ်ဖွဲ့ဝင် ၈ ယောက် အရက်သောက်စားမူးယစ်လျက် ဖဲကဇတ်နီကတ်စဉ် အချင်းချင်း စကားများရန် ဖြစ်ပြီး လက်ပစ်ဗုံးနန့်ပစ်ခတ်ရာ တပ်ဖွဲ့ဝင် ၂ ယောက်သီဆုံး၍ ၅ ယောက် ဒဏ်ရာရလားခသည်။
အဆိုပါဖြစ်စဉ်အတွင်း ဒုတပ်ကြပ် သက်ပိုင်ထွန်းမှာ နီရာ၌ပင် ပွဲချင်းပြီးသီဆုံးလားခကာ၊ လက်ပစ်ဗုံး ဖောက်ခွဲသူ ဒု-တပ်ကြပ် လင်းလင်းမှာ ခြီနှစ်ချောင်းလုံး ဗုံးစထိမှန်၍ မောင်တောဆီးရုံသို့ ပို့ဆောင်စဥ် သီဆုံးလားခပြီး၊ ဒု-တပ် ကြပ်အောင်ကျော်စိုး၊တပ်သားသက်ကိုအောင်၊ တပ်သားရှိုင်းမင်းခန့်၊ တပ်သားနေလင်းထွန်းနန့်တပ်သားဝင်းကိုကို ရို့ ၅ ယောက်မှာ ဒဏ်ရာများ ရလားခသည်။
ဒဏ်ရာရလားသူ ၅ ယောက်အနက် တပ်သားဝင်းကိုကို ကလွဲလျှင် ကျန် ၄ ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်း၊ လက်ဟိတွင် ၂ ယောက်ကို ဘူးသီးတောင်ဆီးရုံသို့ ပို့ဆောင်ပြီး၊ ကျန် ၃ ယောက်ကို မောင်တောဆီးရုံသို့ ပို့ဆောင် လျက် ဆီးကုသမှုယူနီရကြောင်း သိရသည်။
အဆိုပါ မောင်တောမြောက်ပိုင်း၊ ဒုံးညိုနယ်ခြားစောင့်စခန်း၌ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ခန့်ဟိကြောင်းလေ့သိ ရသည်။
