
APM၊ ဒီဇမ်ဘာ ၈/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီအပစ်အခတ်ရပ် တန့်လိုက်သည့်နောက် ပုဏ္ဏားကျွန်းမြို့နယ်တွင် နိုဗမ်ဘာ ၂၆ မှ ဒီဇမ်ဘာ ၇ ရက်အတွင်း တကျော့ပြန်စစ်ပွဲကာလ ပိတ်ထားခသည့် စာသင်ကျောင်းများအားလုံးနီးပါးကို ပြန်ဖွင့်ပီးကြောင်းသိရသည်။
တကျော့ပြန်စစ်ပွဲကာလအတွင်း မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်၏ မြို့နယ်တချို့နည်းတူ ပုဏ္ဏားကျွန်းမြို့နယ်ဟိ ရပ်ရွာများသို့လေ့ လက်နက်ကြီးများ၊ဒရုန်းများ၊ ဂျက်တိုက်လီယာဉ်များ နန့် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်
ခိုက်ခ၍ ကျေးရွာများ၌ နီထိုင်ကတ်သည့် အပြစ်မဲ့ပြည်သူများ အားလုံး ဖီးလွတ်ရာသို့ တိမ်းယှောင်ခရကာ စာသင် ကျောင်းများကိုလေ့ ပိတ်ထားလိုက်သည်။
ယင်းနောက် ကုန်ခသည့် နိုဗမ်ဘာ ၂၆ ရက်၌ ရက္ခိုင့်တပ်တော် နန့် မြန်မာစစ်တပ်ရို့ နှစ်ဖက်သဘောတူ ယာယီ အပစ်ခတ်ရပ်တန့်လိုက်သည့်နောက် အဆိုပါ စာသင်ကျောင်းများအားလုံးနီးပါးအား ပြန်ဖွင့်ပီးကြောင်း ဒေသခံ ကျောင်းသားမိဖများက APM သို့ပြောကြားသည်။
“ကျနော် ကြားရသလောက်ကတော့ ပုဏ္ဏားကျွန်းမြို့အထက နန့် မြို့ပေါ်ကျောင်းတိအပါအဝင် ချောင်းတူ၊မော်ရွာ၊ ရက္ခိုင်မြတ်လေး၊အထက်မြတ်လှဲ၊ ကံသစ်၊ ယိုးငူ၊ သရက်ချောင်း၊ ကြိမ်ကျွန်း၊ ရွှေကမ္ဘာ အပါအဝင် (ထက်၊ လယ်၊မူ) ကျောင်းပေါင်း ၄၀ လောက်ဖွင့်ရေလို့သိရပါရေ။ တမြို့နယ်လုံးဖွင့်ရေလို့ပြောရဖို့ပါ” ဟု ပုဏ္ဏားကျွန်းမြို့မှ ကျောင်း သား မိဖတယောက်က ပြောသည်။
ပုဏ္ဏားကျွန်းမှာ တမြို့နယ်လုံးနီးပါး စာသင်ကျောင်းများပြန်ဖွင့်ကေလေ့ ရသေ့တောင်မြို့နယ်မှာတော့ ဗုဒ္ဓေါ၊ ရီးစိုး ချောင်း၊ ကျောက်တန်း၊ထီးစွဲ၊ အောင်သာစည်၊လမုတိုင် အပါအဝင် ရွာများမှစာသင်ကျောင်းများအား ပြန်ဖွင့်မပီး သိမ့်သည့်အပြင် ယင်းကျောင်းများ၌တာဝန်ကျနီသည့် ဆရာ/ဆရာမများကိုပါ ရပ်ဝီးဒေသများသို့ ပြောင်းရွှိနီ ကြောင်းလေ့ သတင်းရဟိသည်။
