
APM၊ နိုဗမ်ဘာ ၈/၂၀၂၂
တောင်ကုတ်မှ ဦးဇေယျကျော်ကို ဒေနိ(နိုဗမ်ဘာ ၈ ရက်နိ) ညဇာ ၃ နာရီခန့်၌ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးလားကြောင်း သိရသည်။
တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင်နီထိုင်သည့် ဦးဇေယျကျော်သည် တောင်ကုတ်မြို့၊ ဦးဥတ္တမရုပ်တုနားဟိ အချေကဇတ်ကွင်းသို့ ရောက်ဟိနီစဉ် အရပ်ဝတ်ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်က အိမ်စီးကား ၁ စီးဖြင့် လာရောက် ဖမ်းယူလားခြင်းဖြစ် သည်။
တောင်ကုတ်မြို့စည်ပင်ဥက္ကဋ္ဌဟောင်းဦးဇေယျကျော်သည် ပြီးခသည့် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်ကလေ့ AA နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲလျက် အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲခံခရ သိမ့်သည်။
ယင်းနောက် ၁ နှစ်နီးပါးကြာ တရားရင်ဆိုင်ခရပြီး စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် ဧပြီလတွင် တရားသီ လွှတ်ပီးခကာ ဒေဂု နိုဗမ်ဘာ ၈ ရက်နိတွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးလားခြင်းဖြစ်သည်။
