
APM ၊ စပ်တမ်ဘာ ၈/၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်အမှုကို ဒေနိ(စပ်တမ်ဘာ ၈ ရက်နိ)တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ် လဝန်းအိမ်က မစစ်ခဘဲ ရုံးချိန်းထပ်ရွှိ လိုက်ကြောင်းသိရသည်။
အမှုကို ဒေနိနိခင်းက ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီးဒေါ်လှဝင်းအိမ်က အကြောင်းပြချက်မည်မည်ရရမဟိဘဲ လာမည့် စပ်တမ်ဘာ ၁၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
ဦးကျော်သိန်းလှိုင် (၄၆ နှစ်)သည် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်တွင်နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နိတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းနီထိုင်ရာ ထမ္မရာဇ်ရပ်ကွက်မှ နီအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးခသည်။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်၍ မြောက်ဦးမြို့နယ် တရားရုံး၌ ပုဒ်မ ၁၇(၁)နန့် အမှုဖွင့်တရာစွဲကာ ရုံးထုတ်စစ်ဆီးလျက်ဟိရာ အမှု၌ လိုပြသက်သီများအားလုံးစစ်ဆီးပြီး၍ အပြီးသတ်အမိန့်ချရန်ကျန်နီသည်။
လက်ဟိတွင် ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းအရွှိ ခံနီရ၍ စွပ်စွဲခံရသူနန့်မိသားစုဝင်များမှာ ရုံးချိန်းလားလာရသည့် စရိတ်စခအပါအဝင် အဖက်ဖက်ကနစ်နာနီကတ်ရ ကြောင်းသိရသည်။
