
APM ၊ စပ်တမ်ဘာ ၈ / ၂၀၂၃
ကျောက်ဖြူတွင် စပ်တမ်ဘာ ၆ ရက်နိ ညဇာ ၃ နာရီက စစ်ကောင်စီဖမ်းထားသည့် ရက္ခိုင် အမျိုးသားဖွဲ့ချုပ် ULA အုပ်ချုပ်ရီးအဖွဲ့ဝင် တယောက်အားတရက်အကြာ စပ်တမ်ဘာ ၇ ရက်နိ ညည့် ၈ နာရီ၌ ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ULA အုပ်ချုပ်ရီး အဖွဲ့ဝင်မှာကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ လိပ်ခမော်အုပ်စု၊ ဂေါ်တူရွာမှ ကိုဟန်လင်း ဖြစ်သည်။
ကိုဟန်လင်းသည် စပ်တမ်ဘာ ၆ ရက်နိ မိုးထကကျောက်ဖြူ မြို့သို့ ဖုန်းပြုပျင်ရန်လားခပြီးနောက် ဖုန်းပျင်ပြီး၍ ကျောက်ဖြူမှ ဂုံးချွိန်သို့အပြန် မွန်းလွဲ ၃နာရီခန့်တွင်ကျောက်တလုံး ယှောင်တခင်စစ်ဆီးရီးဂိတ်မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ် ဖြစ်ပြီးပြီးချင်းမှာပင် ရက္ခိုင့် တပ်တော် AA ၏ တပ်ဖွဲ့ဝင်များကလည်း မြန်မာစစ်တပ်မှ အရာဟိအဆင့် မင်းသူ နန့် ရဲတပ်ဖွဲ့ဝင် သူရအောင်၊ မြင့်စိုးဦးရို့ကိုအပြန်အလှန် ဖမ်းဆီးခသည်။
ULA အုပ်ချုပ်ရီးအဖွဲ့ဝင် ကိုဟန်လင်းအား စစ်ကောင်စီက ပြန်လွှတ်ပီးလိုက်သည်ကို သိဟိရကေလေ့ AA ဖမ်းထားသည့် မြန်မာစစ်တပ် အရာဟိ တယောက်နန့် ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကို ပြန်လွှတ်၊ မလွှတ်ဆက်လက်စုံစမ်းလျက်ဟိပါသည်။
