
APM ၊ စပ်တမ်ဘာ ၈ / ၂၀၂၃
မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ၏ နီအိမ်ခုနှစ်သောင်းခွဲလောက် မီးတိုက် ဖျက်ဆီးခံရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရီးမှူးရုံး(UNOCHA) က ဒေနိ(စပ်တမ်ဘာ ၈ ရက်) နိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ လက်ဟိမြန်မာပြည်တွင် လက်နက်ကိုင်ပဋိပက္ခများနန့် သဘာဝဖီးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ဗြီးမှုများ၊ ပြည်သူ များထိခိုက်သီဆုံးမှုများနန့် မြန်မာစစ်တပ်က ပြည်သူပိုင်ဆိုင်မှုများကို ဖျက်စီးမှုများဟိနီသည့်အတွက် ဆိုးရွားသည့်လူသားချင်း စာနာမှုဆိုင်ရာ အခြေအနီများကို ရင်ဆိုင်နီရသည်ဟု ဆိုသည်။
တချိန်တည်းတွင် မြန်မာပြည်အရှိတောင်ပိုင်းနန့် ကချင်ပြည်ရို့၌လူသားချင်းစာနာမှုအကူအညီပီးရီးကို ကန့်သတ်ထိန်းချုပ်မှုများ မြင့်တက်လာကြောင်း ဖော်ပြထားသည်။
ရက္ခိုင်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ပစ္စည်းတချို့ ထောက်ပံ့ပီးနိုင်ခကေလေ့ မုန်တိုင်းသင့်ပြည်သူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်များ ဟိနီသိမ့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက် နီရပ်စွန့်ခွာထွက်ဗြီးလူ ၁ ဒသမ ၆ သန်းကျော်အထိ ဟိလာပြီး အယင်က ဟိသည့် နီရပ်စွန့်ခွာလူများပါဆိုလျှင် ၁.၉ သန်းကျော်ဟိနီကြောင်း သိဟိရသည်။
Source – Myanmar Humanitarian Update No. 32 | 8 September 2023
Photo – UNOCHA
