
APM၊ စပ်တမ်ဘာ ၈/ ၂၀၂၃
မာလီနိုင်ငံမြောက်ပိုင်းတွင် စပ်တမ်ဘာ ၇ ရက်နိက အယ်လ်ကိုင်းဒါးအဖွဲ့နန့်ဆက်စပ်နီသည့် အစ္စလာမ္မစ် သောင်းကျန်းလူများ၏ တိုက်ခိုက်မှု ၂ ခုကြောင့် အရပ်သား ၄၉ ယောက်နန့် စစ်သား ၁၅ယောက် သီဆုံးခကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ဂျာမြစ်ဘေးဟိ တင်းဘာ့ခ်တူမြို့အနား ခရီးသည်တင်သင်္ဘောတစင်းနန့် ဂါအိုဒေသဟိ မာလီ စစ်တပ်၏ စစ်စခန်းတခုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံကတဆင့် ကြေညာခသည်။
အဆိုပါ တိုက်ခိုက်မှုများကို အယ်လ်ကိုင်းဒါးနန့် ဆက်စပ်နီသည့် မာလီအခြီစိုက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့(JNIM) က ပြုလုပ်ခကြောင်း အတည်ပြုပြောဆိုထားသည်။
မာလီစစ်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုများကို လက်တုံပြန်တိုက်ခိုက်ရာတွင် သောင်းကျန်းလူ ၅၀ လောက် သီဆုံးခသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သီဆုံးခသည့် အရပ်သားများနန့် စစ်သားများကို ဂုဏ်ပြုသည့်အနီနန့် ဒေနိ( စပ်တမ်ဘာ ၈ရက်)နိကစ၍ ၃ရက်ကြာ တနိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နိအဖြစ် အစိုးရက ကြေညာ ထားကြောင်းသိရသည်။
Source – Al-Qaida-linked insurgents in Mali kill 49 civilians and 15 soldiers in attacks, military says
Photo AP
