APM ၊ စပ်တမ်ဘာ ၈ /၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရသည့် မြောက်ဦးက ကိုရင်ဆို့(ခေါ်) ကျော်စံဝေအမှုကို ဒေနိ (စပ်တမ်ဘာ ၈ ရက်နိ)၌ အပြီးသတ်အမိန့်ချရန် မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ်လဝန်းအိမ်က အထက်ခွင့်ပြုချက်မကျသိမ့်ဟုဆိုကာ လာမည့် စပ်တမ်ဘာ ၁၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
အမှုမှာ လိုပြသက်သီများ အားလုံး စစ်ပြီး၍ အပြီးသတ်အမိန့်ချဖို့ရာ ကျန်နီကာ ဒေနိ နိခင်း ၁၁ နာရီလောက်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ်လဝန်းအိမ်က “အထက်သို့တင်ပြထားသည်၊ ခွင့်ပြုချက်မကျသိမ့် ဟုဆိုကာ လာမည့် စပ်တမ်ဘာ ၁၅ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်သည်။
ကိုရင်ဆို့မှာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်နီထိုင်သူဖြစ်ပြီး သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုများနန့် စစ်ရီး၊ နိုင်ငံရီး အခြေအနီများကိုမျှဝီယင်း လူသိများသူဖြစ်သည်။
၎င်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ ၄ ရက်နိ၌ မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခပြီး မြောက်ဦးမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိ၌ ကိုရင်ဆို့ကို မြောက်ဦးမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရ၍ အမှုကြန့်ကြာနီရကာ အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံးပြန်လွှတ်ပီးစီချင်ကြောင်း မိသားစုဝင်များက တောင်းဆိုနီကတ်သည်။