APM ၊ စပ်တမ်ဘာ ၈ /၂၀၂၃
ထိုင်းနိုင်ငံအရှိတောင်ပိုင်း၊ ချွန်းပူးရီခရိုင် ဘန်လမွန်းမြို့နယ်က အထင်ကရ နီရာတခုဖြစ်သည့် ပတ္တယားကမ်းခြီ ရီပေါ်ဈီးအတွင်းစပ်တမ်ဘာ ၇ ရက်နိညည့်က မီးလောင်မှုဖြစ်ပွားခ၍ ဆိုင်ခန်းများ ပျက်စီးလားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် စပ်တမ်ဘာ ၇ ရက်နိ၊ ညည့် ၈ နာရီလောက်၌ ဈီးလယ်တနီရာမှ စတင်လောင်ကျွမ်းခခြင်းဖြစ်ပြီး ၎င်းမီးလောင်မှုအား မီးသတ်ကား အစီးရေ ၂၀ ကျော်ဖြင့် အချိန် ၃ နာရီကြာ မီးငြိမ်းသတ်ခရကြောင်း မီးသတ်သမားများက ပြောသည်။
၎င်း မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ထက်မနည်းပျက်စီးဆုံးယှုံးကာ မီးသတ်သမားတယောက်မှာလည်း မီးလောင်ဒဏ်ရာရလား၍ ဆီးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းရင်းနန့် ပတ်သက်၍ စုံစမ်းစစ်ဆီးမှုများပြုလုပ်လျက်ဟိပြီး ပျက်စီးဆုံးယှုံးမှု အတိုင်းအတာကိုလည်း ဆက်လက် စစ်ဆီးနီကြောင်း တာဝန်ဟိလူများက ပြောဆိုထားသည်။
ပတ္တယား ရီပေါ်ဈီးကို ၂၀၀၈ ခုနှစ်၊ နိုဗမ်ဘာ ၁ ရက်နိက စတင်ဖွင့်လှစ်ခပြီး နိုင်ငံတဝှမ်းဟိ မြစ်များတလျှောက် နီထိုင်သူများ၏ အနုပညာ၊ယဉ်ကျေးမှုနန့် လူနီမှုပုံစံများကို ပြသသည့် လူသိများသော ခရီးလားများ၏ဆွဲဆောင်ရာ နီရာတခုဖြစ်ကြောင်းသိဟိရသည်။
Source Pattaya Floating Market devastated by fire
Photo Bangkok Post