
APM ၊ စပ်တမ်ဘာ ၈ / ၂၀၂၃
မင်းပြားမြို့ စိမ်းလန်းစိုပြေ သာယာလှပစီရန် ရည်ရွယ်၍ မင်းပြားမြို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်း စောင့်ယှောက် ရီးအဖွဲ့(Green Mongbra Association – GMA) နန့် ကျောင်းသားလူငယ်များ ပူးပေါင်းကာ အရိပ်ရသစ်ပင်များ စိုက်ပျိုးခကတ်ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးခြင်းကို ကုန်ခသည့် ဂျူလိုင် ၃၀ ရက်နိမှစကာ ဒေနိ(စပ်တမ်ဘာ ၈ ရက်နိ)အထိ မင်းပြား – မြေပုံ ကားလမ်းတလျှောက်တွင် ပြုလုပ်ခကတ်သည်။
စိုက်ပျိုးခသည့်အပင်များမှာ African Tulip၊ Golden Poui၊ ပုန်းညက်၊ တပေဘူတ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဗာဇင်၊ ကုက္ကို၊ လက်ခုတ်၊ သပြူ၊ သပြီ၊ ခရေ၊ ရီတမာ၊ စွယ်တော်၊ ကန့်ကော်၊ မယ်ဇေ စသည့် အရိပ်ရ သစ်ပင်၊ ပန်းပင်များဖြစ်ပြီး စုစုပေါင်း အပင် ၅၀၀ ကျော်လောက်စိုက်ပျိုးခသည်ဟုဆိုသည်။
မင်းပြားမြို့သစ်ပင်စိုက်ပျိုးထိန်းသိမ်းစောင့်ယှောက်ရီးအဖွဲ့(GMA)ကို မင်းပြားမြို့နယ်အတွင်းက သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထိန်းသိမ်းစောင့်ယှောက်ရီးလုပ်ငန်းအတွက် စိတ်ပါဝင်စားသည့် လူကြီး၊ လူငယ်များဖြင့် ကုန်ခသည့် ၂၀၂၁ ခုနှစ်က စတင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိဟိရသည်။

