APM၊ စပ်တမ်ဘာ ၈/၂၀၂၂
ဒေရက်ပိုင်းအတွင်း ကျောက်ဖြူနန့်မာန်အောင်မြို့နယ်ရို့တွင် စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ လူနီအိမ်များကို တအိမ်တက်၊ တအိမ်ဆင်း စီးနင်းဝင်ရောက် မွှီနှောက် ရှာဖွီမှုများ ပြုလုပ်လျက်ဟိပြီး ကျောက်ဖြူမြို့မှ အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်ကို မတရားဖမ်းဆီးခေါ်ဆောင်လားကြောင်း သိရသည်။
စပ်တမ်ဘာ ၇ ရက်နိညည့် ၁၀ နာရီခန့်က ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄)တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ နန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၄၀ ကျော်သည် အရာဟိရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ အစိုးရရပ်ကွက်နန့် ရခိုင် ပိုက်ဆိပ်ရပ်ကွက် စသည့်မြို့ပေါ်ရပ်ကွက်များ၌ နီအိမ်တချို့ကို အတင်းအဓမ္မဝင်ရောက် မွှီနှောက်ရှာဖွီ စစ်ဆီးကာ လက်နက် အားကိုးဖြင့် အပြစ်မဲ့ ပြည်သူ ၃ ယောက်အား အနိုင်ကျင့် ဖမ်းခေါ်လားခသည်။
အဖမ်းခံရသူ ၃ ယောက်မှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး (ခ) ကစိ (၄၃နှစ်) နန့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂နှစ်) ရို့ဖြစ်ကတ်သည်။
စပ်တမ်ဘာ ၇ ရက်နိက ခလရ(၃၄) တပ်ရင်းမှ ဗိုလ်ကြီး ရဲဇော်ထက် ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၄၀ ခန့်သည် ဦးဦးဘသန်းကို ညည့် ၁၁ နာရီခန့်တွင်၊ ကိုဝင်းနိုင်ကို ညည့်၁၂ နာရီခန့်တွင် နီအိမ်အသီးသီး က ဖမ်းဆီးခေါ်ဆောင်လားခသည်ဟု သိရသည်။
ဆလိုင်းကိုအေးကိုတော့ ခလရ (၃၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထက်အောင်ကျော် ကိုယ်တိုင် ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၁၀ ကျော်ဖြင့် ယင်းနိ ညည့် ၁၁ နာရီကျော် အချိန်၌ နီအိမ်မှ ဖမ်းခေါ်လားခခြင်း ဖြစ်သည်။
ယင်းအဖမ်းဆီးခံ ၃ယောက်ကို ခလရ(၃၄)တပ်ရင်းတွင် ထိန်းသိမ်းထားပြီး လူမဆန်စွာ ရိုက်နှက်စစ်ဆီးနီကြောင်း သိရသည်။
အလားတူ မာန်အောင်မြို့နယ်၊ သစ်ပုံရွာတွင်လေ့ စပ်တမ်ဘာ ၇ ရက်နိညည့်က ဧည့်စာရင်းစစ်သည်ဟုဆိုကာ မာန်အောင်မြို့ နယ် ကမူတောင်အခြီစိုက် စစ်ကောင်စီတပ်ခမရ(၃၄၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့်ရဲတပ်ဖွဲ့ဝင်များက အကြမ်းပတမ်းစီးနင်းဝင် ရောက်ကာ တအိမ်တက်၊တအိမ်ဆင်း ဝင်ရောက်မွှီနှောက်ရှာဖွီမှုများပြုလုပ်သဖြင့် ရွာသားတချို့တိမ်းယှောင်နီကတ်ရကြောင်း သတင်းရဟိသည်။
(Zawgyi)
ကျောက်ဖြူ နန့် မာန်အောင်မှာ စစ်ကောင်စီတပ်က လူနီအိမ်များကို အဓမ္မစီးနင်းဝင်မွှီနီ၊ ကျောက်ဖြူမှ အပြစ်မဲ့ပြည်သူ ၃ ယောက်ကို မတရားဖမ်းဆီး
APM၊ စပ်တမ်ဘာ ၈/၂၀၂၂
