APM၊ စပ်တမ်ဘာ ၈/၂၀၂၂
ကျောက်တော်မြို့နယ်တွင် စပ်တမ်ဘာ ၈ ရက်နိ ညဇာ ၄ နာရီခန့်က စစ်ကောင်စီတပ် ထောင်ထားသောမိုင်းကို တက်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ တယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရလားခကြောင်း သတင်းရဟိသည်။
ဒဏ်ရာရလားခသူမှာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုရွာမှ ဦးဘရွှေ (၄၁ နှစ်) ဖြစ်ပြီး၊ ရွာ၏အနောက်ဖက် ၂ မိုင်ခန့်အကွာ ဆနွင်းတောင်သို့ ဝါးထမ်းလားစဉ် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးဘရွှေ၏ ညာဖက်ခြီထောက် ပြတ်ထွက်လားကာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်တိုက်နယ် ဆီးရုံ၌ ကုသမှုခံယူနီကြောင်းသိရသည်။ ကွမ်းအုံစုရွာသည် ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် တွင် တည်ဟိပြီး ကျောက်တော်မြို့နယ် အပိုင်ဖြစ်သည်။
ဦးဘရွှေ မိုင်းနင်းမိခသည့် ဆနွင်းတောင်တွင် လက်ဟိအချိန်ထိ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၃၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ တပ်စွဲနီရာယူထားကာ တပ်စခန်းအနားပတ်ဝန်းကျင်နန့်အများပြည်သူအသုံးပြုနီသည့် လမ်းများထက်တွင်မြီမြှုပ် မိုင်းများကို ထောင်ထားသည်ဟု သိရသည်။
ရက္ခိုင်ပြည်မြို့နယ်များ၌ ကုန်ခသည့် မေလမှစ၍ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပွားနီပြီး၊ အပြစ်မဲ့အရပ်သားပြည်သူများ သီဆုံးမှု၊ ထိခိုက်ဒဏ်ရာမှုများ ဆက်တိုက်ဖြစ်ပွားလျက်ဟိသည်။
မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခသည့် နီရာများ နန့် အယင်က တိုက်ပွဲဖြစ်ပွားခသည့် နီရာများ၌ ပေါက်ကွဲနီခြင်းဖြစ်ပြီး၊ ယင်းသို့ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ပြည်သူ များ၏ အသက်၊ ကိုယ်လက်အင်္ဂါ ဆုံးယှုံးမှု၊ဒေသခံလယ်သမားများ ပိုင်ဆိုင်သည့် ကျွဲ၊နွားသီဆုံးမှုများမကြာမကြာဖြစ်ပေါ်လျက် ဟိသည်။
(Zawgyi)
စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိ၍ ကျောက်တော်ဒေသခံတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရ
APM၊ စပ်တမ်ဘာ ၈/၂၀၂၂