
APM၊ ဩဂတ်စ် ၈ / ၂၀၂၃
ကချင်ပြည်၊ ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနားမှ မြန်မာစစ်တပ်၏ ကသိုဏ်းတောင် တပ်စခန်းကို ဩဂတ်စ် ၇ ရက်နိ၊ မိုးထပိုင်းတွင် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း သိရသည်။
မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်အင်အား ၁၀၀လောက်ဟိသည့် ကသိုဏ်းတောင်တပ်စခန်းကို KIA နန့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခရာ မိုးထ ၈ နာရီတွင် အပြီးသတ်သိမ်းနိုင်ခကြောင်း KIA ပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြော ကြားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် မြန်မာစစ်တပ်မှ အကျအယှုံးများပြီး အရှင်ဖမ်းဆီးရမိသူများလေ့ဟိကြောင်း၊ လက်နက်ခဲယမ်း အများအပြားလေ့ ရမိခကြောင်း KIA သတင်းရင်းမြစ်များနန့် ဒေသခံများက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပြီးနောက် မြန်မာစစ်တပ်၏ ဖားကန့် ဗျူဟာကုန်း၊ ဆန်းကြွယ် ဘုရားကုန်း၊ လမောင်ကုန်း ဖက်ကနီ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နီသည့်အတွက် ကသိုဏ်းတောင်အောက်ဟိ နမ့်မှော်ကျေးရွာဒေသခံ ၅၀၀ ကျော် ဖားကန့် မြို့ဟိ ဘုန်းကြီးကျောင်းများသို့ ထွက်ဗြီးတိမ်းယှောင်နီရကြောင်း မြို့ခံ ရပ်မိရပ်ဖများက ပြောဆိုသည်။
တချိန်တည်းတွင် ဖားကန့်မြို့နယ်ဟိ ဆယ်ဇင်းကျေးရွာနားမှ သျှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စခန်း တခုကိုလေ့ KIA က ထပ်မံတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုထားသည်။
Photo – မြစ်ကြီးနားသတင်းဂျာနယ်


