APM ၊ ဩဂတ်စ် ၈ / ၂၀၂၃
တောင်ကိုရီးယားနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းနီးကပ်လာသည့်အတွက် တောင်ကိုရီးယားကမ်းရိုးတန်းကျွန်းဆွယ်၌ စခန်းချနီ သည့် ကမ္ဘာလုံးဆိုင်ရာကင်းထောက်အဖွဲ့ဝင် လေးသောင်းနီးပါးကို ဒေနိ(ဩဂတ်စ် ၈ ရက်နိ)၊ မိုးထပိုင်းမှစကာ ရွှိပြောင်းပီး နီကြောင်း သိရသည်။
တောင်ကိုရီးယားအာဏာပိုင်များက တိုင်ဖွန်းမုန်တိုင်း ခန်နန်သည် ကိုရီးယားကျွန်းဆွယ်ကို တိုက်ရိုက် ဦးတည်ရွိလျားနီ ကြောင်း ဩဂတ်စ် ၇ ရက်နိက ကြိုတင်သတိပီးချက်များ ထုတ်ပြန်ခရာ တောင်ကိုရီးယားကျွန်းဆွယ်တွင် စခန်းကျနီသည့် ကမ္ဘာတဝှမ်းမှ ကင်းထောက်အဖွဲ့ဝင်များကို စတင်ရွှိပြောင်းရန် အာဏာပိုင်များက ဆုံးဖြတ်ခသည်။
ကိုရီးယားကျွန်းဆွယ်တွင် ဩဂတ်စ် ၁ ရက်နိမှ ၁၂ ရက်နိအထိ ပြုလုပ်ရန်စီစဉ်ထားသည့် (၂၅)ကြိမ်မြောက် ကမ္ဘာ့ ကင်းထောက် လှုပ်ယှားမှုကို ကမ္ဘာ့နိုင်ငံ ၁၅၆ နိုင်ငံမှ ကင်းထောက်ထောင်ပေါင်းများစွာတက်ရောက်ရန် ရောက်ဟိနီ ခြင်းဖြစ်သည်။
တောင်ကိုရီးယားအာဏာပိုင်များသည် ကားအစီးရေ ၁,၀၀၀ ကျော်ကို အသုံးပြုကာ ကင်းထောက် ၃၇,၀၀၀ ကျော်ကို တက္ကသိုလ် ကျောင်းများ၊ အစိုးရ၏ ပူးပေါင်းလိကျင့်ရီးစင်တာများ၊ ဟိုတယ်များသို့ ရွှိပြောင်းပီးနီသည်။
အဆိုပါကင်းထောက်များအနက်မှ ကင်းထောက် ၁၃,၅၀၀ ကျော်ကို ဂျောင်ဂျီပြည်နယ်သို့ ရွှိပြောင်းမည်ဖြစ်ပြီး၊ ဆိုးလ်မြို့ တွင် ကင်းထောက် ၃,၁၀၀လောက်၊ အင်ချွန်းတွင် ၃,၂၀၀ လောက်နန့် ချုံချောင်နမ်ဒိုပြည်နယ်နယ်တွင် ကမ်းထောက် ၉၀၀၀ လောက် ကို ရွှိပြောင်းလားမည်ဟု တောင်ကိုရီးယား ပြည်ထဲရီးနန့် လုံခြုံရီးဝန်ကြီး လီဆန်မင်က ပြောကြားသည်။
အလားတူ ဗြိတိန်နိုင်ငံမှ ကင်းထောက် ၄,၅၀၀ လောက်ကို ဆိုးလ်မြို့ဟိ ဟိုတယ်များသို့ ရွှိပြောင်းပီးမည်ဖြစ်ပြီး အမေရိကန် ကင်းထောက် ၁,၀၀၀ လောက်ကို ဆိုးလ်မြို့တောင်ဖက်ဟိ အမေရိကန်စစ်အခြီစိုက်စခန်းသို့ ရွှိပြောင်းပီးမည်ဟု ဆိုသည်။
ကမ္ဘာ့ကင်းထောက်လှုပ်ယှားမှုအဖွဲ့ (World Organization of the Scout Movement) က မုန်တိုင်းလမ်းကြောင်းကနီ ကင်းထောက်များကို အမြန်ဆုံးရွှိပြောင်းပီးရန်နန့် ၎င်းရို့၏နိုင်ငံသို့ မရောက်မချင်း ကင်းထောက်များအတွက် လိုအပ်သည် များကို ထောက်ပံ့ပီးရန် တောင်ကိုရီးယားအစိုးရအား တောင်းဆိုထားကြောင်း သိရသည်။
Source – South Korea begins evacuating thousands of global Scouts from its coast as a tropical storm nears
Photo – AP