APM ၊ ဩဂတ်စ် ၈ /၂၀၂၃
ကျောက်တော်မြို့နယ်၊ သဲချောင်းထဲ၌ ဩဂတ်စ် ၇ ရက်နိညဇာက ဟွန်ဒါတစီးတိမ်းမှောက်မှုဖြစ်ပွားခပြီး၊ သက်ကြီးပိုင်း အရွယ် အမျိုးသားတယောက် ပျောက်နီကြောင်းသိရသည်။
ပျောက်နီသူမှာ ကျောက်တော်မြို့နယ်၊ င/တပေါင်းကျေးရွာက ဦးဦးစောလှ (၆၅ နှစ်)ဖြစ်သည်။
ဦးဦးစောလှမှာ တခြားလူ ၃ ယောက်နန့်အတူ ဩဂတ်စ် ၇ ရက်နိ ညဇာ ၃ နာရီလောက်က ဟွန်ဒါတစီးနန့် သဲချောင်းရွာသို့ လားခရာ၊ မင်းသားဆိပ်ရွာအလွန်၌ ဟွန်ဒါတိမ်းမှောက်ခသည်။
ဟွန်ဒါတိမ်းမှောက်လားပြီးနောက် ဟွန်ဒါနန့်လိုက်ပါလာလူ ၃ ယောက်မှာ ချောင်းကမ်းစပ်သို့ အချိန်မီကူးခတ်နိုင်ခကေလေ့ ဦးဦးစောလှမှာချောင်းရီစီးနန့်အတူမျောပါ ပျောက်ဆုံးလားခသည်။
ပျောက်နီသူ ဦးဦးလှစောအား အနားဟိရပ်သူရွာ သားများနန့် မိသားစုဝင်များက သဲချောင်းတလျှောက် လိုက်ရှာလျက်ဟိပြီး၊ လက်ဟိအချိန်ထိ ရှာမတွိသိမ့်ကြောင်း သိရသည်။