
APM ၊ ဩဂတ်စ် ၈ /၂၀၂၃
မိုးအဆက်မပြတ်ရွာသွန်းနီကာ မြစ်၊ချောင်းရီမြင့်တက်လာမှုကြောင့် ရက္ခိုင်ပြည်မြို့နယ်အများစု၌ ရီကြီးမှုများဖြစ်ပေါ်နီပြီး စာသင်ကျောင်းပေါင်း ရာချီ ယာယီပိတ်ထားရကြောင်း သိရသည်။
ရက္ခိုင်တွင်ပြီးခသည့် ဂျူလိုင် ၃၁ ရက်နိမှ လက်ဟိအချိန်ထိ မိုးအဆက် မပြတ်ရွာသွန်းနီသည်။
ယင်းသို့မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ရီမြင့်တက်လာမှုနန့်အတူ တောင်ကျရီများ ရွာထဲဝင်ရောက်လာရာ မြစ်ကမ်းဘေးဟိ မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၃၀ ကျော်နန့် မင်းပြားမြို့နယ်ကျေးရွာပေါင်း ၂၀ ကျော်၌ စာသင်ကျောင်းများကို ယာယီပိတ်ထားရကြောင်း ဒေသခံများကပြောသည်။
ကျောက်တော်မြို့နယ်တွင်လေ့ ကုလားတန်မြစ်ရီ မြင့်တက်လာ၍ မြစ်ကမ်းဘေးဟိ ကျေးရွာပေါင်း ၄၀ ကျော်ကို ဩဂတ်စ် ၅ ရက်နိမှစ၍ ယာယီပိတ်လိုက်ရသည်ဟု ဆိုသည်။
အလားတူ မောင်တောမြို့နယ်က ကျေးရွာတချို့၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာလေ့ တောင်ကျရီများကြောင့် ကျေးရွာများအတွင်းရီနစ်မြုပ်နီကာ စာသင်ကျောင်းများ ယာယီပိတ်ထားရသည်။
ယင်းအပြင် တောင်ကုတ်၊ သံတွဲ၊ ပေါက်တောစသည့် မြို့နယ်များတွင်လေ့ မြို့ထက်နန့် ကျေးလက်စာသင်ကျောင်း အများအပြားကို ယာယီပိတ်ထားရကြောင်း ဒေသခံများက ပြောကြားချက်ရ သိရသည်။
ရက္ခိုင်တွင် ဂျူလိုင် ၃၁ ရက်နိမှ ဒေဂုထိ မိုးအဆက်မပြတ်ရွာသွန်းနီမှုကြောင့် မြစ်၊ ချောင်းရီများမှာ တရက်ထက် တရက်မြင့်တက်လာနီကာ မြို့နယ်အများအပြားမှ ကျေးရွာပေါင်း ရာချီရီလွမ်းမိုးမှုဒဏ်ခံနီကတ်ပြီး ဒေသခံ သောင်းချီ ဖီးလွတ်ရာ ရွှိပြောင်းထားရကြောင်း သိရသည်။



