
APM၊ ဩဂတ်စ် ၈/ ၂၀၂၃
အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်လက်ရွီးစင် ဂိုးသမား ယန်းဆွန်မား ကိုခေါ်ယူလိုက်ကြောင်း ဩဂတ်စ် ၈ ရက် (ဒေနိ) တွင် တရားဝင် ကြေညာသည်။
အင်တာမီလန်အသင်းသည် ဂိုးသမား ယန်းဆွန်မားကို ပြောင်းရွှိကြေး ယူရို ၆ သန်းဖြင့် ၂၀၂၆ ခုနှစ်အထိ ၃ နှစ်စာချုပ်ချုပ် လိုက်သည်ဟုဆိုသည်။
ယန်းဆွန်မားအနီနန့် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၂၅ ခုနှစ်အထိ စာချုပ်ကျန်နီသိမ့်ကေလေ့ အသင်း၌ ဒဏ်ရာကြောင့် အနားယူနီရသည့်ဂိုးသမား မန်နူရယ်နူအာ ပြန်ရောက်လာပြီးနောက် အင်တာမီလန်အသင်းသို့ ပြောင်းရွှိရန် ဆုံးဖြတ်ခခြင်း ဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် ယွန်းဆွန်မားသည် ၂၀၂၃ ခုနှစ်တွင် မိုချန်ဂလာဘတ်အသင်းမှ ဘိုင်ယန် မြူးနစ်အသင်းသို့ ရောက်ဟိ လာပြီး ကုန်ခသည့်ရာသီက အသင်းနန့်တတူ ၂၅ ပွဲပါဝင်ကဇတ်ခကာ အသင်းကို (၃၃) ကြိမ်မြောက် လိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပီးထားသည်။
Source Switzerland keeper Sommer joins Inter from Bayern
Photo – dailysports.net
