
APM ၊ ဩဂတ်စ် ၈ /၂၀၂၃
လေးမြို့မြစ်ရီမြင့်တက်လာမှုနန့်အတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေဂု မင်းပြားတမြို့လုံးတွင် ရီနစ်မြုပ်နီ ကြောင်းသိရသည်။
ရက္ခိုင်တွင် ပြီးခသည့် ဂျူလိုင် ၃၁ ရက်နိမှ လက်ဟိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းနီခြင်းဖြစ်သည်။
ယင်းအပြင် လေးမြို့မြစ်ရီမှာလေ့ ဩဂတ်စ် ၄ ရက်နိမှစ၍ တရိပ်ရိပ် မြင့်တက်လာနီခြင်းဖြစ်ပြီးမင်းပြားမြို့တွင် ဩဂတ်စ် ၇ ရက်နိကပင် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များသို့ ရီစတင်ဝင်ရောက်နီခြင်းဖြစ်သည်။
လက်ဟိတွင်တမြို့လုံးနီးပါး ရီနစ်မြုပ်နီပြီး မြီနိမ့်ပိုင်းရပ်ကွက်များမှ မြို့ခံတချို့ စိုးရိမ်နီကတ်ရကြောင်း သိရသည်။
မိုးလီဝသနန့်ဇလဗေဒညွန်ကြားမှုဦးစီးဌာ(မိုး/ဇလ)၏ ဒေနိညဇာ ၂ နာရီထုတ်ပြန်ချက်အရ လေးမြို့မြစ်ရီသည် မြောက်ဦး မြို့၏ စိုးရိမ်ရီမှတ်အထက် ပေဝက်လောက်ကျော်နီသည်ဟုဆိုသည်။
နောက် ၁ ရက်အတွင်း လေးမြို့မြစ်ရီ ၃ ပေ လောက်အထိမြင့်တက်လာနိုင်၍ မြစ်ကမ်းနား နန့် မြီနိမ့်ပိုင်းဒေသများတွင် နီထိုင်လူများ အနီနန့် အထူးသတိပြုနီထိုင်ကတ်ရန်လေ့ မိုး/ဇလက အကြံပြုထားသည်။



