APM၊ သြဂတ်စ် ၈/၂၀၂၂
ကျောက်ဖြူမြို့နယ် မူရွင်းရွာကအိမ်တအိမ်ကို ဒေနိ(သြဂတ်စ် ၈ ရက်)တွင် စစ်ကောင်စီတပ်စစ်ကြောင်းတကြောင်းမှ အင်အား အလုံးအရင်းနန့် ဝင်ရောက် မွှီနှောက် ရှာဖွီခကြောင်း သတင်းရဟိသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ပါသည့် စစ်ကြောင်းသည် ဒေနိ မိုးထ ၇ နာရီကျော်တွင် မူရွင်းရွာသို့ ဝင်ရောက်ပြီး ULA/AAနန့် ဆက်စပ်သူများကို လိုက်လံရှာဖွီသည်ဟုဆိုကာ အိမ်တအိမ်ကို ဝင်ရောက်မွှီနှောက်ခခြင်းဖြစ်သည်။
ယင်းနောက် မူရွင်းရွာမှ အုပ်ချုပ်ရီးမှူး၊ ရာအိမ်မှူးများကို ခေါ်ယူပြီး ULA နန့် ပတ်သက်သည့်အကြောင်းအရာများကိုလေ့ ခြိမ်း ခြောက်မိန်းမြန်းပြီးရွာမှ ထွက်လားခသည်။
လက်ဟိတွင် ယင်းစစ်ကြောင်းသည် ကလန့်တဲအုပ်စု၊ ကုန်ဘောင်ရွာ ဘုန်းကြီးကျောင်းတွင် စခန်းချတပ်စွဲနီကြောင်းသိရသည်။
အဂုရက်ပိုင်းအတွင်း စစ်ကောင်စီသည်ရက္ခိုင်ပြည်မြို့နယ်အများစု၌ အရပ်သားပြည်သူများကို ULA/AA အား (လုံးဝ) မထောက် ခံရန်၊ ULA/AA အတွက် ရန်ပုံငွေ(လုံးဝ)မထည့်ရန်၊ ULA/AA အဖွဲ့ဝင်များကို သိဟိပါက ချက်ချင်းသတင်းပို့ရန် ဖိအားပီး ခြိမ်းခြောက်လျက်ဟိနီပြီး၊ ULA/AA ကို လိုက်ရှာသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနီအိမ်များသို့ အတင်းအဓမ္မ စီးနင်းဝင်ရောက်၍ ပိုက်စိုက်တိုက် ရှာဖွီ မွှီနှောက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ဟိသည်။
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကိုညည့်အချိန်များ၌ဝင်ရောက်ဖမ်းဆီးခြင်း၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင် များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံးများ၊ တရားရီးဝန်ထမ်းများကိုအနှောင့် အယှက်ပီးခြင်း၊ ဖမ်းဆီးရန်ကြိုးပမ်းခြင်း၊ပြည်သူလူထုအပေါ်စိုးရိမ်မှုများဆက်တိုက်ပီးနီခြင်း၊လက်နက်ကြီးများဖြင့်ခြိမ်းခြောက်နီခြင်း၊ ပြည် သူလူထုကို ပြန်ပီးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များအပြင် တိုက်ပွဲဖြစ်ပွားလိုသောရန်စမှု၊ ရန်လိုသော အပြု အမူများကို ဆက်တိုက်ပြုလုပ်နီသောကြောင့် ရက္ခိုင်ဒေသအတွင်း မကြာခင်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားလာနိုင်၍ “ပြည်သူများ စစ်ရီးအထူးသတိဖြင့် လားလာကတ်ပါရန်” ရက္ခိုင့်တပ်တော် AA က ဂျူလိုင် ၁၉ ရက်နိမှာ သတင်းထုတ်ပြန် ထားသည်။
(Zawgyi)
ေက်ာက္ျဖဴ မူ႐ြင္း႐ြာက အိမ္တအိမ္ကို စစ္ေကာင္စီတပ္က အင္အားအလုံးအရင္းနန႔္ ဝင္ေရာက္ရွာဖြီ
APM၊ ၾသဂတ္စ္ ၈/၂၀၂၂
ေက်ာက္ျဖဴၿမိဳ႕နယ္ မူ႐ြင္း႐ြာကအိမ္တအိမ္ကို ေဒနိ(ၾသဂတ္စ္ ၈ ရက္)တြင္ စစ္ေကာင္စီတပ္စစ္ေၾကာင္းတေၾကာင္းမွ အင္အား အလုံးအရင္းနန႔္ ဝင္ေရာက္ မႊီေႏွာက္ ရွာဖြီခေၾကာင္း သတင္းရဟိသည္။
ယင္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္အင္အား ၅၀ ခန္႔ပါသည့္ စစ္ေၾကာင္းသည္ ေဒနိ မိုးထ ၇ နာရီေက်ာ္တြင္ မူ႐ြင္း႐ြာသို႔ ဝင္ေရာက္ၿပီး ULA/AAနန႔္ ဆက္စပ္သူမ်ားကို လိုက္လံရွာဖြီသည္ဟုဆိုကာ အိမ္တအိမ္ကို ဝင္ေရာက္မႊီေႏွာက္ချခင္းျဖစ္သည္။
ယင္းေနာက္ မူ႐ြင္း႐ြာမွ အုပ္ခ်ဳပ္ရီးမႉး၊ ရာအိမ္မႉးမ်ားကို ေခၚယူၿပီး ULA နန႔္ ပတ္သက္သည့္အေၾကာင္းအရာမ်ားကိုေလ့ ၿခိမ္း ေျခာက္မိန္းျမန္းၿပီး႐ြာမွ ထြက္လားခသည္။
လက္ဟိတြင္ ယင္းစစ္ေၾကာင္းသည္ ကလန႔္တဲအုပ္စု၊ ကုန္ေဘာင္႐ြာ ဘုန္းႀကီးေက်ာင္းတြင္ စခန္းခ်တပ္စြဲနီေၾကာင္းသိရသည္။
အဂုရက္ပိုင္းအတြင္း စစ္ေကာင္စီသည္ရကၡိဳင္ျပည္ၿမိဳ႕နယ္အမ်ားစု၌ အရပ္သားျပည္သူမ်ားကို ULA/AA အား (လုံးဝ) မေထာက္ ခံရန္၊ ULA/AA အတြက္ ရန္ပုံေငြ(လုံးဝ)မထည့္ရန္၊ ULA/AA အဖြဲ႕ဝင္မ်ားကို သိဟိပါက ခ်က္ခ်င္းသတင္းပို႔ရန္ ဖိအားပီး ၿခိမ္းေျခာက္လ်က္ဟိနီၿပီး၊ ULA/AA ကို လိုက္ရွာသည္ဟုဆိုကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လူနီအိမ္မ်ားသို႔ အတင္းအဓမၼ စီးနင္းဝင္ေရာက္၍ ပိုက္စိုက္တိုက္ ရွာဖြီ မႊီေႏွာက္မႈမ်ားကို ဆက္တိုက္ လုပ္ေဆာင္လ်က္ဟိသည္။
စစ္ေကာင္စီတပ္သည္ အရပ္သားျပည္သူမ်ားကိုညည့္အခ်ိန္မ်ား၌ဝင္ေရာက္ဖမ္းဆီးျခင္း၊ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ မ်ားအား လိုက္လံဖမ္းဆီးျခင္း၊ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ တရား႐ုံးမ်ား၊ တရားရီးဝန္ထမ္းမ်ားကိုအေႏွာင့္ အယွက္ပီးျခင္း၊ ဖမ္းဆီးရန္ႀကိဳးပမ္းျခင္း၊ျပည္သူလူထုအေပၚစိုးရိမ္မႈမ်ားဆက္တိုက္ပီးနီျခင္း၊လက္နက္ႀကီးမ်ားျဖင့္ၿခိမ္းေျခာက္နီျခင္း၊ ျပည္ သူလူထုကို ျပန္ပီးဆြဲထားသကဲ့သို႔ ျပဳလုပ္ထားျခင္း စသည့္အခ်က္မ်ားအျပင္ တိုက္ပြဲျဖစ္ပြားလိုေသာရန္စမႈ၊ ရန္လိုေသာ အျပဳ အမူမ်ားကို ဆက္တိုက္ျပဳလုပ္နီေသာေၾကာင့္ ရကၡိဳင္ေဒသအတြင္း မၾကာခင္တိုက္ပြဲမ်ားျပင္းျပင္းထန္ထန္ျဖစ္ပြားလာႏိုင္၍ “ျပည္သူမ်ား စစ္ရီးအထူးသတိျဖင့္ လားလာကတ္ပါရန္” ရကၡိဳင့္တပ္ေတာ္ AA က ဂ်ဴလိုင္ ၁၉ ရက္နိမွာ သတင္းထုတ္ျပန္ ထားသည္။