APM၊ သြဂတ်စ် ၈/၂၀၂၂
ရက္ခိုင်ပြည်၏အထင်ကရ မြို့တော်စစ်တွေ၌ ALP/ALA တပ်ဖွဲ့ဝင်များက အပြစ်မဲ့အရပ်သားပြည်သူများကို သီနတ်ပစ်၍ ဖမ်း ဆီးခပြီး၊ယင်းအနက်ကပြည်သူတယောက်မှာသီနတ်ဒဏ်ရာဖြင့်ထွက်ဗြီးလွတ်မြောက်လားခသည့်အတွက် လင်ကိုမရသဖြင့် သူ၏ဇနီးသည်ကို ဖမ်းယူလားခကြောင်း သိရသည်။
သြဂတ်စ် ၇ ရက်နိ ၊ နိခင်း ၁၂ နာရီ အချိန်ခန့်က စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်းရပ်ကွက် ကန်ဘောင်နား၌ ALP/ALA တပ်ဖွဲ့ဝင် ၆ ယောက်ခန့်က သီနတ်ဖြင့် ၄ ချက်တိတိ ပစ်ခတ်ဖမ်းဆီးရာ ကိုသိန်းဆန်း၏ခြီထောက် ကို တချက်ထိမှန်ပြီး ထွက်ဗြီးလွတ်မြောက်လားခသည်။
ကိုသိန်းဆန်းကို ဖမ်းမရလိုက်သောအခါ ALP/ALA တပ်ဖွဲ့ဝင်များသည် ကိုသိန်းဆန်း၏ မယားဖြစ်သူ မလုံးလုံးဌေး(ခ) စိုးစိုးဌေး (၂၂ နှစ်) အား အကြမ်းပတမ်း ဖမ်းဆီးဆွဲခေါ်လားခသည်။
တရက်တည်းမှာ ALP/ALA တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ဦးအေးကို(၃၄နှစ်)ကိုလေ့ ရိုက်ဖမ်း ဆီးခေါ် ယူလားခသည်ဟု ဒေသခံများက ရက္ခိုင်မီဒီယာများသို့ ပြောဆိုသည်။
ကုန်ခသည့် ဩဂတ်စ် ၃ ရက်နိကလေ့ ALP/ALA တပ်ဖွဲ့ဝင်များနန့် စစ်ကောင်စီတပ် ခမရ(၃၅၄) ပူးပေါင်းတပ်ဖွဲ့သည် နာဇီရွာစက်ရုံစုရပ်ကွက်မှ ဒေသခံ ၃ ယောက်ကို ဖမ်းယူလားခသိမ့်သည်။
အလားတူ ဩဂတ်စ် ၃ ရက်နိမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနန့်တတူ စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ဆင် ထားသည့် ALAတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား၃၀ခန့်ကစစ်တွေမြို့၊ စက်ရုံ စုရပ်ကွက်မှ ဦးတင်ထွန်း၏ နီအိမ်သို့ အတင်း အဓမ္မ ဝင်ရောက်ကာ တအိမ်လုံးကိုမွှီနှောက်ရှာဖွီခပြီး အချေအဝတ်အစားများထည့်သည့် ပလပ် စတစ်ဗူး ၁ဗူးအား ယူဆောင်လားခ သည်ဟု ဦးတင်ထွန်းနန့် နီးစပ်သူများက APM သို့ ပြောကြားထားသည်။
ယင်းအပြင် ဩဂတ်စ် ၂ ရက်နိ ညည့်၈နာရီခွဲခန့်ကလေ့ ALP/ALA တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ဆင်ကာ ခမရ(၃၅၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့်အတူ ပူးပေါင်းလျက် စစ်တွေမြို့၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူးဖြစ်သူ ဦးဦးဘစော (၅၀နှစ်) အား ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည်ဟု မျက်မြင်သက်သီများ၏ပြောပြချက်အရ သိဟိရသည်။
လက်ဟိတွင် ကိုသိန်းဆန်း၏ ဇနီးဖြစ်သူ မလုံးလုံးဌေး(ခ) စိုးစိုးဌေး (၂၂ နှစ်)ကို ပြန်လွှတ်ပီးလိုက်ကြောင်း ရက္ခိုင်မီဒီယာများကဖော်ပြသည်။
(Zawgyi)
မြို့တော်စစ်တွေတွင် ALP/ALA တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သားပြည်သူများကို သီနတ်ပစ်၍ဖမ်း၊ ပြည်သူ တယောက် သီနတ် ဒဏ်ရာဖြင့် ထွက်ဗြီးလွတ်မြောက်၊ လင်ကို မရ၍ မယားကို ဖမ်းခေါ်
APM၊ သြဂတ်စ် ၈/၂၀၂၂
