APM ၊ ဂျူလိုင် ၈ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်တွင် ဒေနိ(ဂျူလိုင် ၈) ရက်နိစတင်ကျင်းပနီသည့် ဒေသဆိုင်ရာရွီးကောက်ပွဲများ အတွင်း အကြမ်းဖက်မှုဖြစ်ပွားပြီးအနည်းဆုံးလူ ၁၁ ယောက်ထက်မနည်းသီဆုံးခကာ လူအများအပြား ထိခိုက်ဒဏ်ရာရ ဟိခကြောင်း သိရသည်။
လူဦးရေ ၁၀၄ သန်းဟိသည့် ဘန်ဂေါပြည်နယ်တွင် ကျေးရွာနန့်ခရိုင်အဆင့် အုပ်ချုပ်ရီးနီရာ ၇.၀၀၀ ကျော်အတွက် ရွီးကောက်တင်မြောက်ရန် ဒေနိ မိုးထ ၇ နာရီလောက်စ၍ စတင်မဲပီးခကတ်ရာ ပါတီတခုနန့်တခုအကြား ခိုက်ရန် ဖြစ်ပွားခကတ်သည်။
သီဆုံးသူများထဲတွင် အိန္ဒိယသရီနာမွန်ကွန်ကရက်ပါတီမှ အဖွဲ့ဝင် ၆ ယောက်၊ အာဏာရ BJP ပါတီဝင် ၁ ယောက်၊ အိန္ဒိယကွန်မြူ နစ်ပါတီမှ ၁ ယောက်၊ အိန္ဒိယဘာသာရီးတပ်ဦးပါတီမှ ပါတီဝင် ၁ ယောက်စီ ပါဝင်ကြောင်း သိရသည်။
ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရသူအများအပြားဟိပြီး အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစီရန် လုံခြုံရီးတပ်ဖွဲ့ဝင် ၇၀၀၀၀ လောက်ဖြန့်ကျက် ထားကြောင်း အာဏာပိုင်များက ဆိုသည်။
စုစုပေါင်းကိုယ်စားလှယ်လောင်း ၂ သိန်းလောက်ပါဝင်သည့် အဆိုပါရွီးကောက်ပွဲတွင် အိန္ဒိယအာဏာရပါတီ BJP ပါတီနန့် သရီနာ မွန်ကွန်ကရက်ပါတီရို့သည် အပြင်းအထန် ယှဉ်ပြိုင်နီကတ်ပြီး မဲဆန္ဒသျှင် ၅၆.၇ သန်းခန့်က ပါဝင်မဲပီးလားမည်ဟု သိရသည်။
Source – 11 killed on Bengal panchayat poll day, BJP says bodies dropping like pins; TMC hits back/ Hindustan Time
Photo – PTI