
APM ၊ ဂျူလိုင် ၈ / ၂၀၂၃
ဒေဂုလနှောင်းပိုင်းတွင် ရုသျှနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် ရုသျှ-အာဖရိက ညီလာခံနန့် စီးပွားရီးဖိုရမ်သို့ ရုသျှ သမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်ကဂျူလိုင် ၇ ရက်နိတွင် ပြောကြားလိုက်သည်။
ရုသျှ-အာဖရိက ညီလာခံနန့် စီးပွားရီးဖိုရမ်ကို ပထမအကြိမ်အဖြစ် ဆိုချီမြို့တွင် ငြိမ်းချမ်းရီး၊ လုံခြုံရီးနန့် ဖွံဖြိုးတိုးတက် ရီးအတွက် ၂၀၁၉ ခုနှစ်၊ အောက် တိုဘာ ၂၂ ရက်နိမှ ၂၄ ရက်နိအထိ ကျင်းပခပါသည်။
ဒေဂု ဒုတိယအကြိမ်အဖြစ် စိန့်ပီတာစဘတ်မြို့တွင် လာမည့် ဂျူလိုင် ၂၇ ရက်နိမှ ဂျူလိုင် ၂၈ ရက်ထိ ၂ ရက်တိုင်တိုင် ကျင်းပလားမည် ဖြစ်သည်။
ကရင်မလင် ပြောခွင့်ရက အဆိုပါ ညီလာခံကို ရုသျှသမ္မတ ဗလာဒီမာပူတင် သေချာပေါက် တတ်ရောက်မည်ဖြစ်ပြီး သမ္မတအနီနန့် ဖိုရမ်ထိပ်သီးအစည်းအဝေးတွက် ကြိုတင်ပျင်ဆင်မှုများ ပြုလုပ်နီသည်ဟု ဆိုပါသည်။
ရုသျှ-အာဖရိက ညီလာခံနန့်ဖိုရမ်ကို မူလက ၂၀၂၂ခုနှစ်၊ အောက်တိုဘာတွင် အီသိုယိုးပီးယားနိုင်ငံမြို့တော် အာဒစ် အာဘာဘာ မြို့၌ ကျင်းပရန်စီစဉ်ထားခကေလေ့ ရုသျှ-ယူကရိန်းစစ်ပွဲ နောက်ဆက် တွဲပြဿနာများကြောင့် ရုသျှသို့ ရွှိပြောင်း လိုက်ရသည်ဟု ပြောပါသည်။
အဆိုပါညီလာခံနန့် ဖိုရမ်သည် အာဖရိကနန့် ရုသျှအကြား စီးပွားရီးနန့် နိုင်ငံရီးကဏ္ဍ တိုးမြှင့်ရန် ခြီလှမ်း တရပ်ဖြစ် ကြောင်း ရုသျှနိုင်ငံခြားရီးဒုဝန်ကြီး မီခိုင်းလ် ဘတ်ဒန်နော့ဗ် က ဂျုန် ၁၉ရက်နိတွင် ပြောကြားထားဟိသည်။
Source – Putin to take part in Russia-Africa summit, Kremlin announces/ Tass
Photo – AP
