APM ၊ ဂျူလိုင် ၈/ ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားဟိ ယူကီယာအာပဇီလာ မူဆလင်ဒုက္ခသည်စခန်းတွင် ဂျူလိုင် ၇ရကျနိ၊ မိုးထ ၆နာရီ လောက်က ARSAနန့် RSOမူဆလင်လက် နက်ကိုင်နှစ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ယောက်သီဆုံးခကြောင်း သိရ သည်။
ယူကီယာ အာပဇီလာ ဒုက္ခသည်စခန်းအမှတ် (၈)တွင် ARSA အဖွဲ့နန့် RSO အဖွဲ့ရို့အကြား အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွား ခခြင်းဖြစ်သည်။
ပစ်ခတ်မှုအတွင်းARSA ဖက်မှ တပ်မှူးတယောက်အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်သီဆုံးလားကြောင်း စခန်းလုံခြုံရီးယူနီ သည့် ဘင်္ဂလားဒေ့ချ်ရဲတပ်ရင်း ပြောခွင့်ရ ဖာရွတ်အာမက်က ပြောသည်။
အဆိုပါပစ်ခတ်မှုသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ရှိနီအဖွဲ့ မူဆလင်ဒုက္ခသည်အရေးစုံစမ်းမိန်းမြန်းရန် ဘင်္ဂလား ဒေ့ချ်သို့ ရောက်နီသည့် အချိန်နန့်လေ့ တိုက်ဆိုင်နီသည်။
ယင်းပစ်ခတ်မှုမတိုင်ခင်မှာ ICC ရှိနီအဖွဲ့ကို ဒုက္ခသည်များနန့် တွိဆုံနိုင်အောင်စီ စဉ်ပီးသည့် အသက် ၂၇ နှစ်အရွယ် မူဆလင် စခန်းဂေါင်းဆောင် Ebadullah လေ့ သတ်ဖြတ်ခံခရသိမ့်သည်။
Ebadullah သတ်ဖြတ်မှုမှာ ARSA အဖွဲ့ဝင်များ၏လက်ချက်ဟုယူဆရာမှ မူဆလင် လက်နက်ကိုင်နှစ်ဖွဲ့အကြား ဒေဂုပိုင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာခြင်းဟု ဆိုသည်။
သီဆုံးသူများအပြင် နောက်ထပ် ၂ ယောက် လေ့ထိခိုက်ဒဏ်ရာရလားခကြောင်း ဘင်္ဂီလားဒေ့ချ်လက်နက်ကိုင်ရဲတပ်ရင်းမှ သိရသည်။
ARSA အဖွဲ့သည် မူဆလင်ဒုက္ခသည်စခန်းအတွင်း ၎င်းရို့အား ဆန့်ကျင်သည့် မူဆလင်ဂေါင်းဆောင်များအား ပစ်မှတ်ထား သတ်ဖြတ်လိဟိပြီး ကုန်ခသည့် ၂၀၂၁ ခုနှစ်ကလေ့ စခန်းအတွင်း မူဆလင်တက်ကြွလှုပ်ယှားသူ တယောက်အသတ်ခံရမှုနန့် ဆက်နွယ်သည့် ARSA ဂေါင်းဆောင် ဂျင်းနီမှာ စွဲချက်တင်ခံထားရသည်။
ICC ရှိနီချုပ် ကာရင်အာဆက်အာမက်ခန် ကတော့ Ebadullah သတ်ဖြတ်ခံရမှုနန့် ပစ်ခတ်မှုအတွင်း ၅ယောက်သီဆုံးမှုသည် ICCတရားရုံးနန့်မသက်ဆိုင်ကြောင်း ဒါကာမြို့၌ သတင်းထောက်များအားပြောကြားခပါသည်။
Source – 5 killed in Rohingya camp after ICC prosecutor visit/ The Business Post
Photo The Business Post