APM ၊ ဂျူလိုင် ၈/ ၂၀၂၃
ဘရာဇီးနိုင်ငံ အရှိမြောက်ပိုင်း၊ ပါနန်ဘူကိုပြည်နယ်တွင် ဂျူလိုင် ၇ရကျနိ၊ ညဇာ ၇ နာရီလောက်က လေးထပ်တိုက်တလုံးပြို ကျ၍ လူ ၈ယောက်သီဆုံးပြီး ၅ယောက်ပျောက် ဆုံးနီကြောင်း အာဏာပိုင်များက ပြောပါသည်။
ပါနန်ဘူကိုပြည်နယ်မြို့တော် ရီစီဖ်မြို့အပြင်ဖက် ဖိဂျန်ဂါရပ်ကွက်တွင် တိုက်ပြိုကျခခြင်းဖြစ်ပြီး အသက် ၅နှစ်နန့် ၈ နှစ် အရွယ် အချေ ၂ ယောက် အပါအဝင် လူ ၈ ယောက် သီဆုံးကာ အပျက်အစီးများကြားထဲမှ လူ ၄ ယောက်ကို ကယ်ထုတ် နိုင်ခသည် ဟု ပြည်နယ်ပြည်သူ့ကာကွယ်ရီးဌာနက ထုတ်ပြန်သည်။
ယေကေလေ့ လူ ၅ ယောက်ပျောက်ဆုံးနီသိမ့်၍မီးသတ်သမားများနန့် ကယ်ဆယ်ရီးဝန်ထမ်းများကဆက်လက် ရှာဖွီနီ ကတ်ကြောင်း သိရသည်။
အဆိုပါ တိုက်အဆောက်အအုံအတွင်း နီထိုင်သူများအိပ် ပျော်နီချိန် အဆောက်အအုံပြိုကျခြင်းဖြစ်ကြောင်းကိုရာ အာဏာ ပိုင်များက ပြောဆိုထားပြီး၊ တိုက်ပြိုကျခြင်း၏ အကြောင်းရင်းကို ယှင်းယှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မဟိသိမ့်ပါ။
လူပေါင်း ၁.၅သန်းနီထိုင်သည့် ရီစီဖ်ကမ်းရိုးတန်းမြို့တွင်ပြီးခသည့်ရက်များအတွင်းမိုးပြင်းပြင်းထန်ထန်ရွာသွန်းခပြီးလာမည့် ရက်များတွင်လေ့ မိုး ပိုရွာသွန်းနိုင်ကြောင်း ဂျူလိုင် ၇ရကျနိ အစောပိုင်းမှစ၍ သတိပီးချက်များထုတ်ပြန်ထားသည်။
Source – At least 8 dead after apartment building crumbles in Brazil/ Reuters
Photo – Reuters