APM၊ ဂျူလိုင် ၈ / ၂၀၂၃
အမေရိကန်ဘဏ္ဍာရီးဝန်ကြီး ဂျနက်ရဲလ်လန်နန့် တရုတ်ဝန်ကြီးချုပ် လီချန်းရို့သည် ဂျူလိုင် ၇ရကျနိက တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တွင် တွိဆုံခကြောင်း သိရသည်။
ယင်းသို့တွိဆုံရာတွင် ကမ္ဘာ့စီးပွားရီး အင်အားအကြီးဆုံးနှစ်နိုင်ငံအကြား အပြန်အလှန် ဆက်သွယ်မှုတိုးမြှင့်ဖို့နန့် တင်းမာနီသည့် ဆက်ဆံရီးကို တည်ငြိမ်အောင်ထိန်းသိမ်းထားဖို့ရည်ရွယ် ဆွေးနွေးခကတ်သည်။
နှစ်နိုင်ငံဆက်ဆံရီးတိုးတက်စီဖို့နှစ်ဖက် စလုံးမှအပြုသဘောဆောင်သည့် အသုံးအနှုန်းများဖြင့် အမေရိကန်-တရုတ် စီးပွားရီးဆက်ဆံမှုကို အလေးထားဆွေးနွေးခကြောင်း သိရသည်။
ဂျနက်ရဲလ်လန်က တရုတ်၏ နည်းပညာဆိုင်ရာပစ္စည်းများကို အမေရိကန်ဖက်မှ ကန့်သတ်ထားမှုများနန့်ပတ်သက်၍ ကာကွယ် ပြောဆိုခသည်။
ကန့်သတ်မှုများသည် အမေရိကန်အမျိုး သားလုံခြုံရီး၏ မူဝါဒများဖြစ်ကြောင်း၊ အဆိုပါကန့်သတ်မှုများကြောင့် နှစ်နိုင်ငံအကြား စီးပွားရီးသဘောတူညီချက်နန့် ဘဏ္ဍာရီးဆိုင်ရာ ဆက်ဆံရီးကို ပိုမိုဆိုးဝါးမည့်အခြေအနီသို့ မရောက်သင့်ကြောင်း ပြောကြားခသည်။
အလားတူ ဂျနက်ရဲလ်လန်သည် တရုတ်အစိုးရက တရုတ်နိုင်ငံဟိ အမေရိကန်ကုမ္ပဏီများသို့ ဝင်ရောက်စီးနင်းမှုများနန့် နိုင်ငံခြားကုမ္ပဏီများအတွက် ဈီးကွက်ဝင်ရောက်ခွင့် ကန့်သတ်မှုများနန့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခသည်။
တရုတ်ဝန်ကြီးချုပ်ကလေ့ တရုတ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်အတွက် စိန်ခေါ်မှုဆိုသည်ထက် အခွင့်အလမ်း၊အကျိုးအမြတ်ရာ ဖြစ်ကြောင်း ပြောဆိုခသည်။
ယင်းအပြင် တရုတ်ဝန်ကြီးချုပ် လီချန်းက နှစ်နိုင်ငံအကြား စီးပွားရီးနယ်ပယ်၌ အရေးကြီးသည့်ကိစ္စရပ်များအတွက် သဘောတူညီမှုရယူလျက် ကုန်သွယ်မှု ဆက်ဆံရီး ကောင်းမွန်စီရန် အမေရိကန်အနီနန့် ခိုင်မာသည့်လုပ်ဆောင်ချက်များ ချမှတ်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခသည်ဟုလေ့ တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Source – US Treasury chief Yellen and Chinas No. 2 aim for improved communication after trade disputes/ AP
Photo – AP