APM၊ ဂျူလိုင် ၈/၂၀၂၂
မြောက်ဦးမြိုနယ်တွင် ဒေနိ (ဂျူလိုင် ၈ ရက်နိ) နိခင်း ၂ နာရီခွဲလောက်က မြောက်ဦးခမရ (၃၇၈) တပ်ရင်းအနား စစ်ကောင်စီ တပ် ထောင်ထားသောမိုင်းကိုနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး အချေ ၄ ယောက် ထိခိုက်ဒဏ်ရာရလားကာ တယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရဟိသည်။
မိုင်းပေါက်ကွဲ၍ ဒဏ်ရာရလားခသူများမှာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်(မူဆလင်ရွာ) က မောင်မူချာရက်(၁၄နှစ်)၊ မောင် ချောင်ချူးအာလင်(၁၆နှစ်)၊ မောင်မာမောက်ဆာဒက်(၁၃နှစ်)နန့်မောင်အုံမော်ဆာဒက်(၁၃နှစ်)ရို့ဖြစ်ကတ်ပြီး နွားကျောင်းလားစဉ် ခမရ (၃၇၈) တပ်ရင်းအနား စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် မောင်မူချာရက်၏ ဘယ်ခြီထောက်ပွင့်ထွက်လားပြီးကျန်၃ယောက်မှာလေ့ဒဏ်ရာရဟိလားကာ မြောင်းဘွေ ပြည်သူ့ဆီးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရွာသားများက ပြောသည်။
ကုန်ခသည့် ဂျူလိုင် ၄ ရက်နိကလေ့ ကျောက်တော်မြို့နယ်၊ မြာလီကန်ရွာက ဦိးလှမောင်(၃၁နှစ်)သည် ရွာအပြင်သို့ နွားကျောင်း လားစဉ် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းကို နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး အပေါက်ဝဆီးရုံ၌ ကွယ်လွန်လားခသည်။
ယင်းနည်းတူ ဂျူလိုင် ၁ ရက်နိကလေ့ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၅)တပ်ရင်းနားတွင် နွားလိုက် ရှာသည့် ဝက်မှိုင်းရွာသား ဦးသန်းစိန်မောင် (၄၅နှစ်)သည် မိုင်းနင်းမိ၍ ခြီထောက် တဖက်ပြတ်ထွက်လားကာ စစ်တွေဆီးရုံကြီးတွင် ဆီးကုသမှု ခံယူနီစဉ် ဂျူလိုင် ၂ ရက်နိတွင် ကွယ်လွန်လားခကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။
မိုင်းပေါက်ကွဲမှုအများစုမှာ စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခသည့် နီရာများနန့် အယင်ကတိုက်ပွဲဖြစ်ပွားခသည့်ရွာနားရို့တွင်နွားကျောင်းနီစဉ်ဖြစ်စီ၊လယ်ထွန်နီစဉ်ဖြစ်စီ၊တောင်သို့ဟင်းရှာဖို့လားစဉ်ဖြစ်စီ ပေါက်ကွဲ ခြင်းဖြစ်သည်။
ယင်းအပြင် မိုင်းပေါက်ကွဲမှုကြောင့် လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ၊အရပ်သားများ၏ ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ဟိကြောင်း သိဟိရပါသည်။
(Zawgyi)
မြောက်ဦး ခမရ(၃၇၈)တပ်ရင်းအနားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကိုနင်းမိ၍ အချေ ၄ ယောက်ဒဏ်ရာရ၊ တယောက် ဒဏ်ရာပြင်းထန်
APM၊ ဂျူလိုင် ၈/၂၀၂၂


