APM ၊ ဂျုန် ၈ / ၂၀၂၃
ရက္ခိုင်ပြည်တွင် မုန်တိင်းဒဏ်သင့်ပြည်သူများအား အကူအညီပီးနီသည့် ပြည်တွင်း/ပြည်ပလူမှုကူညီကယ်ဆယ်ရီးအဖွဲ့အ စည်းများအားလုံး၏ခရီးလားလာခွင့်များကို ဂျုန် ၇ ရက် နိမှစ၍စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ခရီးလားလာခွင့် ရပ်ဆိုင်းသည့်အကြောင်းကြားစာကို စစ်ကောင်စီ၏ လုံခြုံရီးနန့် နယ်စပ်ရီးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ထိုး၍ ဂျုန် ၈ ရက်နိရက်စွဲနန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အကြောင်းကြားစာ၌ ခွင့်ပြုထားသော ခရီးသွားလာခွင့်များအား ဂျုန် ၇ ရက်နိမှစ၍ ရပ်ဆိုင်းထားရန်ဟု ဖော်ပြပါဟိသည်။
ယင်းအပြင် ၎င်းစာကို နပခတိုင်းမှူး၊ပြည်နယ်အထွေထွေအုပ်ချုပ်ရီးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊မောင်တော ကျီးကန်းပြင် အ မှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲရီးမှူး၊ စစ်တွေမြို့ဟိ အမှတ်(၁၂) သတင်းရဲတပ်ဖွဲ့ခွဲမှူးနန့် အမှတ်(၄) လုံခြုံရီးရဲကွပ်ကဲရီးမှူး၊ စစ်တွေနန့်အမ်းခရိုင်စီမံအုပ်ချုပ်ရီးမှူးရို့ကိုလေ့ မိတ္တူပီးထားသည်။
ပြီးခသည့် မေ ၁၄ ရက်နိကတိုက်ခတ်ခသောMochaဆိုင်ကလုန်းမုန် တိုင်းကြောင့် ရက္ခိုင်ပြည်သူ ၁၂ သိန်းနန့် ၁၅ သိန်းကြား မုန်တိုင်းဒဏ်သင့်ခရပြီး လူနီအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးဆုံးယှုံးခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AAက ပြောကြားထားသည်။
လက်ဟိ ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းများသည် အဆိုပါ မုန်တိုင်းသင့်ပြည်သူများအား အရေးပေါ်ကူညီ ထောက်ပံ့ နီခြင်းဖြစ်ပြီး အဂုပိုင် စစ်ကောင်စီက လားလာခွင့်ရပ်ဆိုင်းလိုက်သဖြင့် ပြည်သူများ များစွာ ဒုက္ခရောက်လားနိုင်ကြောင်း လူမှုကူညီရီးအဖွဲ့အစည်းများက သုံးသပ်ပြောဆိုထားသည်။