APM ၊ ဂျုန် ၈ / ၂၀၂၃
မုန်တိုင်းကြောင့် စခန်းတခုလုံးပျက်စီးဆုံးယှုံးခရသည့်ကျောက်တော်မြို့၊ မြို့သစ်မှန်ကျောင်းစစ်ဖီးယှောင်စခန်းတွင် လက်ဟိ အချိန်ထိ အရေးပေါ်အကူညီများမရသိမ့်၍ နီထိုင်စားသောက်ရီး ဆိုးဝါးစွာ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
မြို့သစ်မှန်ကျောင်း စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၉၅ စု လူဦးရေ ၃၀၁ ယောက်ဟိပြီး Mocha ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်လူနီအိမ်အဆောက်အအုံများအားလုံးပျက်စီးခရကြောင်း စစ်ဖီးယှောင်များကပြောသည်။
လက်ဟိ ယင်းစခန်းမှ စစ်ဖီးယှောင်များသည်အနီးအနားဟိ မိုးလုံလီလုံ အားကစားရုံတွင် ယာယီ ခိုလှုံနီကတ်ရပြီး နီအိမ်များ ပြုပျင်ရန် အမိုး အကာများ အရေးပေါ်လိုအပ်လျက်ဟိသည်။
ယင်းအပြင် အဆိုပါ မြို့သစ်မှန်ကျောင်းစစ်ဖီးယှောင်စခန်းသို့ အရေးပေါ်အကူအညီများပီးအပ်မှုလေ့ မဟိသလောက် နည်း ပါးပြီး စစ်ဖီးယှောင်များမှာ တနပ်ဝမ်းစာအတွက် ခဲရာခဲဆစ်ရှာဖွိလျက် ဆင်းရဲချို့တဲ့ စွာစားသောက်နီထိုင်ကတ်ရသည်ဟု ဆိုသည်။
မြို့သစ်မှန်ကျောင်း စစ်ဖီးယှောင်စခန်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းအများစုသည် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးအိမ်အများအပြားပျက်စီးခရပြီးနောက် ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှုနည်းပါးနီ၍ ပြန်လည်ထူထောင်ရန် အခက်ကြုံနီကတ်ရကြောင်း သိရသည်။