APM၊ ဂျုန် ၈ /၂၀၂၂
ထိုင်း-မလေးသျှား နယ်စပ်တွင် ထိုင်းနိုင်ငံသားတယောက် အသတ်ခံရမှုနန့်ပတ်သက်၍ သံသယဟိသူများအဖြစ် ရက္ခိုင်အမျိုးသား ၉ ယောက်ကို ထိုင်းအာဏာပိုင်များက စစ်ဆီးလားမည်ဟု ရွှိပြောင်းအလုပ်သမားအခွင့်အရီး ကွန်ရက် (MWRN) က ပြောဆိုလိုက်သည်။
ကုန်ခသည့် မေ ၃၁ ရက်နိမှာ ထိုင်း-မလေးသျှား နယ်စပ်၊ ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်ဟိ တောတွင်း၌ ထိုင်းနိုင်ငံသားတယောက်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က တွိခပြီးနောက် ဂျုန် ၂ ရက်နိကနီ ၅ ရက်နိ အထိ ယင်းအနားတဝိုက်ဟိ မလေးသျှားသို့ ခိုးဝင်မည့် ရွှိပြောင်းလုပ်သား ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက အစုလိုက်အပြုံလိုက် ဖမ်းဆီးခသည်။
အဖမ်းဆီးခံ ရွှိပြောင်းလုပ်သား ၃၀၀ ကျော်ကို ရဲစခန်းငါးခုမှာ အသီးသီးချုပ်နှောင်လျက် စုံစမ်းစစ်ဆီးရာ ယင်း အထဲမှ ရက္ခိုင်အမျိုးသား ၉ ယောက်ကို သံသယဟိသည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ဆက်လက် စစ်ဆီး လားမည်ဟု သိရသည်။
MWRN တာဝန်ဟိသူတယောက်က “အားလုံးသူကိုတော့ ဘာသာပြန်နန့်စစ်ပြီးပါယာ။ ဒေ ရက္ခိုင်ပြည်က လူ ၉ ယောက်ကို သံသယဟိရေလို့ ထိုင်းရဲတိက ပြောပါရေ။ ယင်း လူ ၉ ယောက်ကတော့ ထပ်လို့ အစစ်ခံရဖို့သိမ့်ပါ” ဟု မီဒီယာများသို့ ပြောကြားသည်။
လူသတ်မှု၌သံသယဟိသူများအဖြစ် ဆက်လက်စစ်ဆီးခံရမည့် ရက္ခိုင်အမျိုးသား ၉ ယောက်မှာ မြောက်ဦးမြို့နယ် က ၂ ယောက်၊ ကျောက်တော်မြို့နယ်က ၁ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်က ၄ ယောက်နန့် စစ်တွေမြို့နယ်က ၂ ယောက်ရို့ဖြစ်ပြီး မလေးသျှားမှာ အလုပ်လုပ်ရန် အောက်လမ်းမှ လာသူများဖြစ်ကြောင်း သိရသည်။
လက်ဟိတွင် သူရို့ ၉ ယောက်ကို မြန်မာအလုပ်သမား ၂၃ ယောက်နန့်အတူ ထိုင်းရဲစခန်းတခု၌ ထိန်းသိမ်းထားပြီး သူရို့ ၉ ယောက်မှလွဲ၍ ကျန်ဖမ်းဆီးထားသူများ အားလုံးကို မိမိနီရပ်သို့ ပြန်ပို့ပီးမည်ဟု သိဟိရသည်။
ဓါတ်ပုံ- ဘီဘီစီ
