APM၊ ဂျုန် ၈/၂၀၂၂
ပလက်ဝမြို့၊ပလုတ်တောင် ရပ်ကွက်မှ ဦးမဲကျော့ ကို စစ်ကောင်စီတပ်က ဖမ်းယူလားခသည်မှာ ၄ ရက်ကြာလာ ကေလေ့ မိသားစုဝင်တိနန့် အဆက်အသွယ်မရသိမ့်ဟု သိရသည်။
ဦးမဲကျော့ကို ဂျုန် ၄ ရက်နိ ညည့် ၉ နာရီခွဲတွင် ပလက်ဝမြို့ မီးသတ်တောင်၌ တပ်စွဲထားသော စစ်ကောင်စီတပ် တပ်မ (၁၁)မှ တပ်ဖွဲ့ဝင် ၉ ယောက်ခန့်က လာရောက်ဖမ်းဆီးကာ သဘာဝဆိပ်ကမ်းသို့ ခေါ်လားခပြီး ယင်းမှ တဆင့် ခလရ (၂၈၉) တပ်ရင်းသို့ ဆက်လက်ခေါ်ယူလားခသည်။
ဦးမဲကျော့၏ ဆွေမျိုးတော်စပ်သူတယောက်က “သူ့ကို ဖမ်းလားစွာ ဒေနိဆိုကေ ၄ ရက်ဟိနီပါယာ။ တခုလေ့ အဆက် အသွယ် မရပါ။ အကျွန်ရို့အားလုံး သူ့အတွက် စိုးရိမ်နီကတ်ရပါရေ”ဟု APM သို့ ပြောသည်။
ဦးမဲကျော့သည် နိုင်ငံရီးလှုပ်ယှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမဟိဘဲ ဟင်းခင်းအလုပ်နန့်ရာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နီသူဖြစ်သည်ဟု သူက ဆက်ပြောသည်။
ပြီးခသည့် မေ ၃၀ ရက်နိကလေ့ ပလက်ဝမြို့နယ်၊ အဘောင်သားရွာသို့ စစ်ကောင်စီတပ်ဖွဲဝင်အင်းအား ၆၀ ခန့် ဝင်ရောက်ပြီး ရွာသားများကို ရိုက်နှက်၍ ဖုန်းများကိုသိမ်းယူစစ်ဆီးကာ အချေများ၊ အမျိုးသမီးများနန့် သက်ကြီးရွယ်အိုများ အပါ အဝင် ရွာသားအားလုံးနီပါးကို ဆူးပုပ်တောင်သို့ ဖမ်းခေါ်လားခသည်ဟုလေ့ သိဟိရသည်။
