
APM၊ မေ ၈/၂၀၂၅
ရက္ခိုင့်ဝါရင့် နိုင်ငံရီးသမား ဆရာကြီး ဦးဦးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင် ကွယ်လွန်ခြင်းစွာ ရက္ခိုင်ရို့နန့် ULA/AA အတွက် တန်ဖိုးမဖြတ်နိုင်ရေ ဆုံးယှုံးမှုကြီးတခုဖြစ်တေလို့ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး PSLF/TNLA က မေ ၇ ရက်နိ ပီးပို့ရေ ဝမ်းနည်းကြောင်းသဝဏ်လွှာမာ ထည့်သွင်း ဖော်ပြထားပါရေ။
ဆရာကြီးဦးဦးလှစောနန့်ပတ်သက်လို့ PSLF/TNLA၏ သဝဏ်လွှာအတွင်း ” အာဏာသျှင် ချုပ်ငြိမ်းရီးအတွက် အစဉ်ကြိုးပမ်းနီပြီး အာရက္ခအမျိုးသားရီးစိတ်ဓာတ် ကြိုးစားမြှင့်တင်ခြင်းနန့် ရက္ခိတလမ်းစဉ်အား စွဲကိုင်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အာရက္ခပြည်ကို ပုံဖော်ကြိုးပမ်းတည်ဆောက်နီဆဲကာလ၌ မူဝါဒပိုင်းဆိုင်ရာများကို ဦးဆောင်ပီးနီသည့် အဓိကဂေါင်းဆောင်တဦး ဆုံးယှုံးလိုက်ရခြင်းသည် ရက္ခိုင်ရို့နန့် ULA/AA အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆုံးယှုံးမှုကြီးတရပ်ဖြစ်ပါသည်” လို့ ဖော်ပြထားပါရေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ULA/AA ၏ နိုင်ငံရီးမှူး ဦးဦးလှစောစွာ မေလ ၅ ရက်နိ ညည့်အချိန် အသက် ၇၂ နှစ် အရွယ်မာ ကင်ဆာရောဂါနန့် ကွယ်လွန်လားခစွာပါ။
ဆရာကြီး ကွယ်လွန်လားရေအတွက် ရက္ခိုင်ပြည်သူရို့နန့် ULA/AA အဖွဲ့အစည်းအပါအဝင် ဆရာကြီး၏ မိသားစုဝင်တိနန့် ထပ်တူ ဝမ်းနည်းပူဆွေးရရေလို့လည်း TNLA က ဆိုပါရေ။
ဆရာကြီး ဦးဦးလှစောစွာ ၁၉၆၉ ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရီးမာပါဝင်လှုပ်ယှားခလို့ ကျောင်း (၂)နှစ် ရပ်တန့်ခံခရပြီးကေ ၁၉၇၅ ခုနှစ်မာ ထောင်ဒဏ် (၉)နှစ်၊ ၁၉၈၈ ခုနှစ်မာ ထောင်ဒဏ် (၁၄)နှစ် စသဖြင့် မြန်မာ့စစ်အာဏာသျှင်အဆက်ဆက်၏ အကြိမ်ကြိမ်ဖမ်းဆီးအကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းတိကို ဦးမညွတ်ဘဲ ရက္ခိုင်အမျိုးသားရီး၊ ဖွံ့ဖြိုးတိုးတက်တေ အနာဂတ်အာရက္ခပြည်တည်ဆောက်ရီးအတွက် စွမ်းစွမ်း တမံဆောင်ရွက်ခကြောင်းလည်း ဆိုပါရေ။
ယင်းအပြင် “နိုင်ငံရီးသမား၊ စာရွီးဆရာ၊ ကဗျာဆရာ၊ လွှတ်တော်ကိုယ်စားလှယ်နန့် ULA/AA နိုင်ငံရီးမှူး” ဆိုရေ မြင့်မြတ်တေတာဝန်တိကို ထမ်းဆောင်ခရေ ဦးဦးလှစော၏ အာရက္ခပြည်နန့်လူမျိုးအပေါ် တန်ဖိုးထားချစ်မြတ်နိုးမှုအား TNLA အနီနန့် အစဉ်ထာဝရ မှတ်တမ်းတင်ဂုဏ်ပြုနီဖို့လို့လည်း သဝဏ်လွှာက ဖော်ပြပါရေ။
ယေပြီးကေ ဆရာကြီး ဦးဦးလှစော၏ ရက္ခိုင်လူမျိုးနန့် အာရက္ခပြည်အပေါ် ထားဟိရေ မျိုးချစ်စိတ်ဓာတ်စွာ အဖိနှိပ်ခံဘဝက လွတ်မြောက်ရီးအတွက် တိုက်ပွဲဝင်နီကတ်တေ တော်လှန်ရီးအဖွဲ့အစည်းရို့ အတွက် စံပြပုဂ္ဂိုလ်တယောက်ဖြစ်တေလို့လည်း PSLF/TNLA ၏ သဝဏ် လွှာထဲမာ အလေးအနက် ဂုဏ်ပြုထည့်သွင်းဖော်ပြထားပါရေ။
