APM၊ မေ ၈ / ၂၀၂၄
ရက္ခိုင်ပြည်တဝန်း အာရက္ခတပ်တော်(AA)နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း ခွပ်ခွပ်လံအောင်ယှုံးနီရေ အကြမ်းဖက်စစ်ကောင်စီစွာ လူမျိုးရီးအမုန်းတရားကို အခြီခံလျက် အရပ်သားပြည်သူတိကို ဦးတည်ပနာ မြို့၊ ရပ်ရွာတိကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတိ နိစဉ်ရက်ဆက်ပြုလုပ်လျက်ဟိရာ ဒေနိ(မေ ၈ ရက်နိ) နိခင်းပိုင်းကလည်း ကျောက်ဖြူမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရီးနေဗီက လက်နက်ကြီးနန့် ရည်ရွယ်ချက်ဟိဟိ ဦးတည်ပစ်ခတ်ခလို့ အပြစ်မဲ့အာရက္ခပြည်သူတယောက် သီဆုံးလားရရေလို့ သိရပါရေ။
သီဆုံးလားရေ လူစွာ ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းတိုက်နယ်၊ ဂန့်ဂါ(အနောက်)ရွာက ကိုဆန်းမင်းဖြိုး(၁၉ နှစ်) ဖြစ်ပါရေ။
ဒေနိ၊ နိခင်း ၁၁ နာရီလောက်မာ ကျောက်ဖြူအခြီစိုက်အကြမ်းဖက်စစ်ကောင်စီ၏ တောင်မော်ကြီးရီတပ်စခန်းမြစ်ပြင်၊ ဖရုံသီးကျွန်းအောက်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရီး နေဗီတစီးကနီ ဂန့်ဂါကျွန်းဖက်သို့ ဦးတည်ပနာ လက်နက်ကြီး ၃ လုံးလှမ်းပစ်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီး ကျည်တလုံးစွာ ဂန့်ဂါ (အနောက်)ရွာ ဘုန်းကြီးကျောင်းသစ်၊ ဆွမ်းစားဆောင်မာ ကျရောက်ပေါက်ကွဲခပြီးကေ ဆွမ်းစားဆောင်မာဟိနီရေ ကိုမောင်ဆန်းဖြိုးကို လက်နက်ကြီးကျည်စကျပနာ နီရာမာပင် ဂွင်ချင်းသီဆုံးလားရေလို့ ဆိုပါရေ။
ကျန်လက်နက်ကြီးကျည်နှစ်လုံးမာလည်း ဂန့်ဂါ(အနောက်)ရွာထဲက ဒေါ်အုန်းအုန်းရွှီ၏ နီအိမ်ခြံဝင်းထဲမာ တလုံးကျရောက်ခပြီးကေ မပေါက်ကွဲဘဲ ကျန်နီသိမ့်ရေပိုင်၊ တခြားတလုံးကတော့ ဂန့်ဂါကျွန်း၊ ထုံးစေ့ကေရွာနားမာ ကျရောက်ပေါက်ကွဲခရေလို့ သိရပါရေ။
ဒေနိ၊ မိုးထပိုင်းကလည်း ယင်းကျောက်ဖြူမြို့နယ်မာပင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်း (၄) စီးနန့် ဗုံးကြဲတိုက်ခိုက်ခလို့ စနဲမြို့၊ ရွှီဟင်္သာ ရပ်ကွက်က အမျိုးသမီးတယောက် သီဆုံးလားခရပါသိမ့်ရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိကိုအသုံးပြုပနာ ပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလျက်ဟိနီပါရေ။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်နီမှုတိကြောင့် ဒေသခံ အာရက္ခပြည်သူရို့အနီနန့် အထူးဂရုပြုလားလာနီထိုင်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အလေးအနက်တိုက်တွန်းထားပါရေ။