
APM ၊ ဧပြီ ၈ / ၂၀၂၄
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နိမာကျရောက်ဖို့ (၁၅)နှစ်မြောက် ရက္ခိုင့်တပ်တော်နိအခမ်းအနားကို မလေသျှား၊ ဂျပန်စရေနိုင်ငံရို့ဟိ ပြည်ပရောက်အာရက္ခပြည်သူရို့က ဧပြီ ၇ ရက်နိမာ စည်ကားသိုက်မြိုက်စွာ ကျင်းပခကတ်ကြောင်း သိရပါရေ။
မလေးသျှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မွှာမြို့၊ကေအယ်လ်မြို့၊ပါဟမ်းမြို့တိမာ (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော်နိ အခမ်းအနားကို မလေးသျှားရောက် အာရက္ခပြည်သူပြည်သားတိက ဧပြီ ၇ ရက်နိ၊ မိုးထပိုင်းမာ ကျင်းပခပါရေ။
ယင်းနည်းတူ ဂျပန်နိုင်ငံ၊တိုကျိုမြို့မာလည်း (၁၅)နှစ်မြောက် ရက္ခိုင့်တပ်တော်နိ အခမ်းအနားကို ရက္ခိုင်အစည်းအရုံး ( ဂျပန်)က ဦးဆောင်ပနာ ဧပြီ ၇ ရက်နိ၊ မိုးထ ၁၀ နာရီမှာ စတင်ကျင်းပခပါရေ။
အဆိုပါ တပ်တော်နိအခမ်းအနားသို့ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်က online မှတဆင့် တက်ရောက် အမှာစကားပြောကြားခရေလို့ သိရပါရေ။
ယင်းအပြင် တပ်တော်နိအခမ်းအနားသို့ ပြည်ပရောက် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားရို့လည်း တက်ရောက်ခပြီးကေ ရက္ခိုင် အဆိုတော်တိက ရက္ခိုင့်ဂီတနန့်တင်ဆက်စွာ၊ ရက္ခိုင်ယဉ်ကျေးမှုယိမ်းတိ နန့် သီဆိုကပြဖျော်ဖြေတင်ဆက်စွာတိ ပြုလုပ်ခကြောင်း သိရပါရေ။
ရက္ခိုင့်တပ်တော်(AA)ကို လွန်ခရေ၂၀၀၉ ခုနှစ်၊ဧပြီ ၁၀ ရက်နိက ကချင်ပြည်၊လိုင်ဇာမြို့မာ စတင်ဖွဲ့စည်းခပြီးကေ ယင်းဧပြီ ၁၀ ရက်နိကို “ရက္ခိုင့်တပ်တော်နိ” အဖြစ်သတ်မှတ်ကာ ယင်းနိသို့ရောက်တိုင်း ပြည်တွင်းပြည်ပ အာရက္ခပြည်သူရို့က “ရက္ခိုင့်တပ်တော်နိ” ကို နည်းမျိုးစုံနန့် ကျင်းပပြုလုပ်လိဟိပါရေ။
Photo – Narinjara



