( ဧပြီ ၁ ရက်နိမှ ၇ ရက်နိအထိ)
၁။ ၁-၄-၂၀၂၄(တလင်းလာ)
(၁) ဘူးသီးတောင်မြို့နယ်၊ ရွာမ (ရခိုင်)ရွာကို ဧပြီ ၁ ရက်နိ၊ ညည့် အချိန်မာ အကြမ်းဖက်စစ်ကောင်စီက မီးတိုက်ခလို့ နီအိမ် ဆယ်ဆောင်ထက်မနည်း ပြာကျလားပါရေ။
(၂) ဧပြီ(၁)ရက်နိမာ ဘူးသီးတောင်ထောင်က အကျဉ်းသား၅၀၀ ကျော်ကိုအကြမ်းဖက်စစ်ကောင်စီက ရန်ကုန်သို့ ပြောင်းရွှိ လားပါရေ။
၂။ ၂-၄-၂၀၂၄ (အင်္ဂါ)
(၁) ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားတိုးချဲ့စွာ၊ တပ်ရွှိပြောင်းစွာ၊ရိက္ခာနန့် စစ်လက်နက်ခဲယမ်းတိကို အရပ်သားကားတိနန့်သယ်ဆောင်စွာ၊ လမ်းဘေးဝဲယာတလျှောက် စွန့်လွှတ်မိုင်းတိထောင်ထားစွာတိကိုပြုလုပ်နီရေအပြင် ကားလမ်းတလျှောက်မာလည်း တိုက်ပွဲတိ စတင်ဖြစ်ပွားလာနီရေအတွက် အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မဟိ ပိတ်ထားလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၊ နိုဗာ(၁) စစ်ဒေသက ဧပြီ ၂ ရက်နိမာ အရေးပေါ် ထုတ်ပြန်ကြေညာပါရေ။
(၂) ဧပြီ ၂ ရက်နိမာ စစ်တွေမြို့ ရဲတပ်ရင်း (၁၂) က လက်နက်ကြီးနန့်ပစ်ခတ်ခလို့ ပေါက်တောမြို့နယ်၊ မော်ဒုတ်ကြီးရွာက ကိုဇော်မင်းနိုင် (၂၇ နှစ်)၊ဦးကျော်နုဖြူ (၄၇နှစ်)၊ဒေါ် ခင်ရွှီဝင်း (၂၇ နှစ်)၊ဒေါ်စန္ဒာဝင်း (၂၇နှစ်)၊ ဦးအောင်ဇံ ဖြူ(၆၈ နှစ်)နန့် ဒေါ်ကန်ယုံမေ (၆၉ နှစ်)ရို့မာ ထိခိုက်ဒဏ်ရာ ရလားခကတ်ပါရေ။
(၃) ဧပြီ ၂ ရက်နိ၊ ညဇာပိုင်းမာ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးနန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခလို့ မြစ်နားတန်းရပ်ကွက်က ကိုစည်သူမျိုးအောင် ( ၂၁ နှစ်)၊ ဦးမြင့်ရွှီ ( ၄၁ နှစ်)နန့် ဦးထွန်းကြည် ( ၆၄ နှစ်) ရို့ သီဆုံးလားခကတ်ပြီးကေ အရာ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရဟိလားပါရေ။
၃။ ၃-၄-၂၀၂၄ (ဗုဒ္ဓဟူး)
ဧပြီ ၃ ရက်နိ မိုးထစောစောမာ မင်းပြားမြို့နယ်၊ မြစ်နားရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခလို့ မသိန်းဦးစိုး (၂၃ နှစ်)၊မဆွေဆွေထွန်း (၂၈ နှစ်)နန့် ဒေါ်ဦးကြည်အေး (၄၈ နှစ်)ရို့သီဆုံးလားခပြီးကေ မောင်အောင်မျိုးခိုင် (၂ နှစ်)၊ မလှလှစော (၁၇ နှစ်)၊ မသန်းသန်းဆွေ (၂၄ နှစ်)၊ ဒေါ်လှသိန်းကြည် (၄၃ နှစ်)၊ ဦးလှမောင် (၄၆ နှစ်)၊ ဦးမောင်အောင်မြင့် (၅၀ နှစ်)၊ ဒေါ်လှသိန်းခိုင် (၅၄ နှစ်)နန့် ဦးကျော် လှဦး (၅၈ နှစ်)ရို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခပါရေ။
၄။ ၄-၄-၂၀၂၄ (ကြာသပတီး)
အမ်းမြို့နယ်၊ လုံးရွာနားမာ မာ့ချ် ၃၁ ရက်နိ၊ ညဇာက ရက္ခိုင့်တပ်တော် AAနန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တနာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားခပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်က ၄ ယောက် သီဆုံးခရေလို့ ရက္ခိုင့်တပ်တော် AA က ဧပြီ ၃ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
၅။ ၅-၄-၂၀၂၄ (သောကြာ)
(၁) ရက္ခိုင်မာ တိုက်ပွဲစတင်ရေ နိုဗမ်ဘာလ ၁၃ ရက်နိက မာ့ချ် ၂၁ ရက်နိအထိကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အာရက္ခပြည်သူ ၁၇၉ ယောက်ထက်မနည်း သီဆုံးလားပြီး ဒဏ်ရာရလားလူ ၄၆၉ ယောက်အထိဟိကြောင်း လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရီးရုံး ( HDCO)က ဧပြီ ၄ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။
(၂) ဧပြီ ၄ ရက်နိ၊ နိခင်း၂ နာရီ ၄၅ မိနစ်အချိန်လောက်မာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခလို့ အပြစ်မဲ့ပြည်သူတယောက် သီဆုံးလားပြီးကေ ၆ ယောက် ထိခိုက်ဒဏ်ရာရလားခပါရေ။
၆။ ၆-၄-၂၀၂၄ (စနီ)
အကြမ်းဖက် စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ ၅ ရက်နိ၊ မိုးထ ၈ နာရီအချိန်မာ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်ပါရေ။
၇။၇-၄-၂၀၂၇ (တလင်းဂနီ)
ဧပြီ ၇ ရက်နိ၊ နိခင်းက အကြမ်းဖက် စစ်ကောင်စီတပ်စွာ မာန်အောင်မြို့နယ်၊ သစ်ပုံရွာသို့ဝင်လာပြီးကေ “ရက္ခိုင့်တပ်တော်AA အလိုမဟိ”ဆိုရေ စာတန်းတိကို အိမ်တိုင်းမာ ကပ်ရဖို့လို့ရွာသားတိကို အတင်းအဓမ္မ ဖိအားပီးခြိမ်းခြောက် ကပ်ခိုင်းခပါရေ။