
APM ၊ ဧပြီ ၈ / ၂၀၂၄
သံတွဲမြို့နယ်မာ ဧပြီ ၇ ရက်နိက ဒေသခံအမျိုးသမီးတယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မတရား ဖမ်းယူလားရေလို့ သိရပါရေ။
အဖမ်းခံရရေ အမျိုးသမီးစွာ သံတွဲမြို့နယ်၊ ဘောက်တောင်ရွာက မမေသဇင် (၂၉ နှစ်) ဖြစ်ပါရေ။
မမေသဇင်စွာ ဧပြီ ၇ ရက်နိ၊ ညဇာ ၆ နာရီဝန်းကျင်လောက်မာ သံတွဲမြို့မဈီးကနီ ဈီးဝယ်လို့ပြန်လာရာ သံတွဲတန်းထားဦးမီးပွိုင့်အရောက်မာ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တိက ဖမ်းဆီးခစွာလို့ မျက်မြင်မြို့ခံတိက ပြောပါရေ။
ယင်းနောက် ယင်းရဲတိက တဆင့် သံတွဲအခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၅)တပ်ရင်း သို့အကြောင်းကြားရာ ယင်း ခလရ (၅၅) တပ်ရင်းက တပ်ဖွဲ့ဝင်တိလာရောက်ပြီးကေ မမေသဇင်ကို ခေါ်ယူလားရေ လို့ ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် အကြမ်းဖက် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလတလျှောက် အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြ မတရားဖမ်းဆီး၊ ရိုက်နှက်၊သတ်ဖြတ်လို့ ဟိနီပါရေ။
လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး ( HDCO) က ကောက်ယူထားရေစာရင်းအရ တကျော့ပြန်တိုက်ပွဲစတင်ခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၂ ရက်နိအထိ ရက္ခိုင်ပြည်မြို့နယ် အသီးသီးမာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံထားရရေ အပြစ်မဲ့ အာရက္ခပြည်သူပေါင်း ၄၇၁ ယောက်အထိဟိရေလို့ သိဟိရပါရေ။
