APM ၊ ဧပြီ ၈ / ၂၀၂၃
ရက္ခိုင်ရှေးဟောင်းအမွီနှစ်ဖြစ်သည့် မြောက်ဦးမြို့မှာ သောက်သုံးရီ အလွန်ခက်ခဲ နီ၍ ရပ်ကွက်ဟိလူများစုရုံးပြီး ရှေးဟောင်းရီတွင်းများကို ပြန်လည်တူးဖော် သောက်သုံးနီရ ကြောင်း မြောက်ဦးမြို့ခံများက ဆိုသည်။
အဆိုပါ ရီတွင်းများးကိုတူးဖော်နီရခြင်းမှာ မြောက်ဦးတမြို့လုံးရီအခက်ခဲနန့်ကြုံတွိနီရပြီး မြို့နယ်စည်ပင် က တပတ်မှာ (၁) ကြိမ်ရာ ရီဖြန့်ဝီပီးနီကေလေ့ သောက်သုံးရီမလုံလောက်သည့် အတွက်ကြောင့် ရှေးဟောင်းရီတွင်းများကို ပင်ပင်ပန်းပန်း တူးဖော်ပြီး အသုံးပြုနီရသည်ဟု ၎င်းရို့က ပြောသည်။
ယင်းအပြင် မြောက်ဦးမှာ ရှေးဟောင်းရီတွင်းများသာမက လက်ဆည်ကန်အနားဟိ ခမ်းခြောက်နီသည့် ရီကန်ကို လေ့ ပြန်လည်တူးဖော်နီကြောင်း သိရသည်။
လက်ဟိတွင် မြောက်ဦးမြို့မှာ နိစဉ်သောက်သုံးရဖို့အတွက် ရှေးဟောင်းရီတွင်း ၂ တွင်းနန့် ရီကန်တကန်ကို တူးဖော် အသုံးပြုနီရကြောင်း သိရသည်။
Photo – Narinjara