APM ၊ ဧပြီ ၈ / ၂၀၂၃
ထိုင်း – မြန်မာနယ်စပ်တွင် မြန်မာစစ်တပ် နန့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဧပြီ ၈ ရက်နိအထိ ထိုင်းနယ်စပ်သို့ ထွက်ဗြီးတိမ်းယှောင်လာသူ ၁ သောင်းကျော်အထိ ဟိလာကြောင်း သိရသည်။
အဆိုပါ ထွက်ဗြီးတိမ်းယှောင်သူများထဲတွင် အချေများနန့် သက်ကြီးရွယ်အို အများစုပါဝင်ပြီး ၎င်းရို့အတွက် အစား သောက်များနန့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နီကြောင်း တာဝန်ဟိသူများက ပြောသည်။
ထိုင်းအစိုးရက ထွက်ဗြီးတိမ်းယှောင်လာသူများအတွက် အရေးပေါ်စစ်ဖီးယှောင်စခန်း ၁၅ ခု ဖွင့်ပီးထားသည်ဟု ဆိုသည်။
လက်ဟိတွင် မြန်မာစစ်တပ်နန့် KNLA ပူးပေါင်းတပ်တိ တိုက်ပွဲများကြောင့် မြဝတီ – ကော့ကရိတ် အာသျှလမ်းမကြီး ကို ၂ ပတ်တိတိ လားလာခွင့် ပိတ်မည်ဟု KNU / KNLA ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
Source – Thousands flee into Thailand after fighting between Myanmar military, rebels
Photo – Bangkok post