
APM ၊ ဧပြီ ၈ / ၂၀၂၃
ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဖီးယှောင် စခန်းတွင် အဆောင်များ ပြိုကျပျက်စီး၍ မိုးရာသီအမှီ အဆောင်များ ပြန်ပြု ပျင်ရန် အရေးကြီး လိုအပ်နီကြောင်းသိရသည်။
ယင်း ဝါးတောင် စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၈၃ စု၊လူဦးရေ ၅၁၆ ယောက် ဟိပြီး လူနီဆောင် ၈၃ ဆောင် ဟိကာ အများစုမှာ ကျောက်တော် ယိုးချောင်းဒေသဟိ ခမောင်း၊ ပညာကြီး၊ ကင်ဘိ၊ သဲဝ၊ သိန်းချောင်း၊ လီကွီး စသည့် ကျေးရွာ များက ဒေသခံများဖြစ်ကတ်သည်။
အဆိုပါ စခန်း၌ အဆောင်များမှာ ကုန်ခသည့် ၂၀၁၈/၂၀၁၉ ခုနှစ်ကပင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး နှစ်ကာလ ကြာလာ၍ ပြိုပျက်မှုကြောင့် တာပေါ်လင်စများဖြင့် ဖာထီးကာ ဖြစ်တေပိုင်နီထိုင်နီကတ်ရပြီး မိုးရာသီအမှီ မိုးဒဏ် ကိုခံနိုင်အောင် အဆောင်များပြုပျင်ရန် အရေးတကြီး လိုအပ်နီကြောင်း စစ်ဖီးယှောင်များက ပြောသည်။
စခန်းဟိစစ်ဖီးယှောင်များ ကိုယ်ထူကိုယ်ထ ပြုပျင်ရန် သစ်၊ဝါးများလိုအပ်နီပြီး အဆိုပါ သစ်၊ဝါးများကို အနားဟိ တောတောင်များသို့ လားခွတ်ရန်လေ့ စစ်ကျန်လက်နက်များအန္တရာယ်ကို စိုးရိမ်နီကတ်ရသည်ဟုဆိုသည်။
အဆိုပါ စစ်ဖီးယျှောင် များမှာ ၂၀၁၈-၂၀၁၉ စစ်ရီးကာလကပင် အိုးအိမ်များကို စွန့်ခွာ ထွက်ဗြီးတိမ်းယျှောင် လာခြင်းဖြစ်ပြီး မြန်မာစစ်တပ်မှရွားနားတွင် မှိုင်းများ ၊လပ်နက် အကြွင်းအကျန်များကို ယှင်းလင်းပီးမှုမဟိ၍ စခန်းမှာသာ ဆက်လက်နီထိုင် ကတ်ရ ခြင်းဖြစ်ကြောင်းသိရပါသည်။

