
APM ၊ မာ့ချ် ၈ / ၂၀၂၄
ကချင်ပြည်ဟိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတိကို ကချင်လွတ်လပ်ရီးတပ်မတော် (KIA) နန့်တတူ ပူးတွဲထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိကြောင်း ရက္ခိုင့်တပ်တော် AA က မာ့ချ် ၇ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၇) ရက်နိ၊ မိုးထ (၆) နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရီးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ဟိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနားနန့်မြစ်ကြီးနား-ဗန်းမော်လမ်းဟိ စစ်ကောင်စီတပ်စခန်းများနန့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လီယာဉ်ကွင်းစခန်းအပါအဝင် အခြားသော စခန်းအချို့ရို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်လျက်ဟိသည်။ ရက္ခိုင့်တပ်တော်အနီဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နန့် ပူးတွဲစစ်ရီးလှုပ်ယှားလျက်ဟိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ဟိသည် လို့ ဖော်ပြထားရေ။
တချိန်တည်းမာပင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အနားဟိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လီယာဉ်ကွင်းစခန်းကုန်းနန့် ဒေါ့ဖုန်းယန်မြို့နယ်အနားဟိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းရို့ကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းတိက လက်နက်ကြီးတိအပြင် လီကြောင်းကပါ တရက်လုံး ပစ်ခတ်တိုက်ခိုက်မှုတိပြုလုပ်ခလို့ KIO ဌာနချုပ်ဟိရာ လိုင်ဇာမြို့ ပြည်သူ့ဆီးရုံအနားသို့ လက်နက်ကြီးထိမှန်ကျရောက်ခရေပိုင် လိုင်ဇာမြို့နန့် ထိစပ်နီရေ တရုတ်နယ်စပ်မြို့ဖက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်အနီဖြင့် အပြီးသတ်သိမ်းပိုက်ရယူဖို့သတ်မှတ်ထားရေ စစ်ရီးပစ်မှတ်တိကို တခုပြီးတခု ခြီမှုန်းတိုက်ခိုက်လျက်ဟိပြီးကေ ရက္ခိုင့်တပ်တော်၏ ထိုးစစ်တိအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ဗြီး လွတ်မြောက်လို့ဟိရေ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တိကို လိုက်လံဖမ်းဆီးလျက်ဟိကြောင်းလည်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
Photo- Kachin News Group
