APM ၊ မာ့ချ် ၈ /၂၀၂၄
ကျောက်ဖြူမြို့နယ်အတွင်း လူလားလမ်းတိမာအကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၃၄)နန့် ခမရ(၅၄၂)တပ်ရင်းတိကတပ်ဖွဲ့ဝင်တိစွာ အင်တိုက်အားတိုက် မိုင်းလိုက်ထောင်လျက်ဟိရာ ဒေနိမာ့ချ် ၈ ရက်နိမိုးထပိုင်းမာလည်း သစ်ပုတ်တောင်တိုက်နယ်၊စိုင်ခြုံဒွိန်ရွာအနားက ဦးသန်းမြင့်၏ ကာရီဘောင်လမ်းမထက်မာ အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းတိ ထပ်ထောင်ထားစွာတွိရကြောင်း ဒေသခံတိက ပြောပါရေ။
ဒေနိမိုးထ ၈ နာရီအချိန်လောက်က စိုင်ခြုံဒွိန်ရွာနား ဦးသန်းမြင့်၏ကာရီဘောင်လမ်းမထက်မာ အကြမ်းဖက်စစ်ကောင်စီတပ်ကထောင်ထားခရေ မိုင်း (၆)လုံးကို ထပ်တွိခရရေလို့ စိုင်ခြုံဒွိန်ရွာသားတိက ဆိုပါရေ။
အလားတူ မာ့ချ် ၇ ရက်နိ၊ ညဇာ ၃ နာရီလောက်ကလည်း စိုင်ခြုံဒွိန်ရွာနား ငှက်ခေါင်းပေါက်တောင်ဟိ လူတိလားလာနီရေတောလမ်းထက်မာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ထောင်ထားခရေ မိုင်း (၃)လုံးကို တွိဟိခရပါသိမ့်ရေ။
မာ့ချ် ၆ ရက်နိ၊ညဇာ ၃ နာရီဝန်းကျင်ကလည်း ယင်းငှက်ခေါင်းပေါက်တောင်ဟိ တောလမ်းထက်မာပင် အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားရေ မိုင်း (၁) လုံးကို စိုင်ခြုံဒွိန်ရွာသားတိ တွိခကတ်ပါသိမ့်ရေ။
အဆိုပါ မိုင်းတိစွာ ကျောက်ဖြူအခြီစိုက်အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်း၊ ခမရ (၅၄၂) တပ်ရင်းနန့် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်းပြီးကေ မာ့ချ် ၂ ၊ ၃၊ ၄ ရက်တိအတွင်း လာရောက် ထောင်ထားခကတ်စွာလို့ ဆိုပါရေ။
ကျောက်ဖြူ ဒေသခံတယောက်ကတော့ ” စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်တိုက်ခိုက်လာဖို့ကိုစိုးရိမ်ကြောက်လန့်ပြီးကေ လမ်းတိမာ မြီမြှုပ်မိုင်းတိ ထောင်နီပါရေ။ အယင်က ရီကြောင်း၊ လီကြောင်းတိကို ဖြတ်တောက်ခပြီးကေ အဂုခါ ကုန်းလမ်းကိုပါ ပြည်သူတိလားလာမရအောင် လုပ်လာနီပါရေ။ စစ်ကောင်စီအနီနန့် အေရက်ပိုင်းကစလို့ နောက်ရက်တိမာလည်း အေထက်မက ကျယ်ကျယ်ပြန့်ပြန့် မိုင်းတိကို ထောင်နိုင်ပါရေ။ ပြည်သူရို့အနီနန့် အထူးသတိပြု စောင့်ကြည့်ဖို့လိုနီရေပိုင် သတိထားလားလာကတ်ဖို့လည်း အထူးလိုအပ်ပါရေ” လို့ သုံးသပ် ပြောဆိုထားပါရေ။