
APM ၊ မာ့ချ် ၈ / ၂၀၂၃
ဒေနိ(မာ့ချ် ၈ ရက်နိ)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနိ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မူများအတွက် စစ်ကောင်စီ၏ ဒုတိယပြည်ထဲရီးဝန်ကြီး အပါအဝင် နိုင်ငံတကာမှ စစ်ဖက်ဆိုင်ရာအရာဟိ ၉ ဦးနန့် အဖွဲ့အစည်း ၃ခုကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂမှ ထုတ်ပြန်ကြေညာလိုက်သည်။
ပိတ်ဆို့ဒဏ်ခတ်ခံရသူများမှာ စစ်ကောင်စီ၏ ပြည်ထဲရီးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက်၊ ရုသျှစစ်ဖက်အရာဟိများ ၊ အာဖဂန်တာလီဘန်များ၊ ဆူဒန်မှ ရဲအရာဟိများဖြစ်ပြီး အီရန်အကျဉ်းထောင် ၊ ဆီရီးယား လုံခြုံရီးအစောင့်တပ်နန့် မြန်မာစစ်ဖက်ရီးရာလုံခြုံရီးအရာဟိချုပ်ရုံးရို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိတ်ဆို့ဒဏ်ခတ်မူသည် အမျိုးသမီးများအပေါ်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနန့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူများအတွက် အရေးယူဒဏ်ခတ်ခြင်းဖြစ်သည်ဟု EU ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ဟိ ပိတ်ဆို့အရေးယူခံထားရသူများသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ခရီးလားလာခွင့် ပိတ်ဆို့ခံရမည် ဖြစ်ပြီး ၎င်းရို့၏ ပိုင်ဆိုင်မူများကိုလေ့ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ဟိအရေးယူခံထားရသည် ပြည်ထဲရီးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက်သည် မြန်မာပြည်၏ ရဲတပ်ဖွဲ့ ရဲချုပ်တယောက်ဖြစ်ပြီး ပြီးခသည့် ဖေဖော်ဝါရီလအတွင်းကပင် အီးယူ၏အရေးယူခြင်းခံရသည့်အထဲတွင် ပါဝင်ခသည်။
မြန်မာပြည်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံအမျိုးမီးများ၏ ရပ်ရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ချိန်များတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်ခြင်း ကျူးလွန်နီမှုများကိုကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးရီးရာ အခြေအနေ ကော်မသျှင် (CSW)၊ Womens PeaceNetworkနန့်အတူအခြားအမျိုးသမီးအခွင့်အရေးရဟိရီး၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရီးအတွက်ဆောင် ရွက်နီကတ်သည့် အဖွဲ့အစည်းများအားလုံးမှ ကုလသမဂ္ဂလုံခြုံရီး ကောင်စီအနီ နန့်စစ်ကောင်စီကို အရေးယူ ဒဏ်ခတ်ပီးရန် တောင်းဆိုထားခြင်းကြောင့် ဥရောပသမဂ္ဂ EU မှအရေးယူဒဏ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Source – Violence against women and girls: EU sanctions nine individuals and three entities under its Global Human Rights Sanctions Regime
Photo – Reuters
