
APM ၊ မာ့ချ် ၈ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းအမှုကို ဒေနိ(မာ့ချ် ၈ ရက်နိ)တွင် ဘူးသီးတောင်မြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆီခပြီး၊ လိုပြသက်သီများကို စစ်ဆီးခကြောင်း သိရသည်။
အမှုကို ဒေနိ၌ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး လိုပြသက်သီ ၅ ယောက် စစ်ဆီးခကာ လာမည့် မာ့ချ် ၁၇ ရက်နိသို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
မီးကျောင်းစျီးအုပ်ချုပ်ရီးမှူးအမှုတွင် နောက်ထပ်စစ်ဆီးရန် အမှုစစ်ရဲအရာဟိဖြစ်သည့် နခခ(၃) မှ ရဲအုပ် စိုးဝင်း ဆိုသူ တယောက်ရာ ကျန်ပြီး ရဲအုပ်စိုးဝင်းအားစစ်ဆီးပြီးပါက နှစ်ဖက်ရှိနီများ လျောက်လဲချက် ကြားနာမည်ဟု ဆိုသည်။
ပြီးခရေ ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင် မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုထားပြီး ဦးဟာမတ်တူဆောင်း ကို ဒေနိတွင် ရုံးထုတ်ခကာ ဦးဦးကျော်လှကိုတော့ နက်ဖြန်(မာ့ချ် ၉ ရက်နိ)၌ ရုံးချိန်းထားသည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်း ထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။
