APM ၊ မာ့ချ် ၈ / ၂၀၂၃
PSG အသင်းသည် UEFA ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့၌ ဘိုင်ယန်မြူးနစ်ကို ယှုံးနိမ့်ခကေလေ့ ဒုတိယအကျော့တွင် အနိုင်ယူဖို့ပြင်ဆင်ထားကြောင်း PSG တိုက်စစ်မှူး မက်ဆီက ပြောဆိုလိုက်သည်။
“ဘိုင်ယန်နန့် ကဇတ်ရဖို့ပွဲက ခက်ခဲပါရေ။ ယေကေလေ့ ကျနော်ရို့အနီနန့် ဒေဂု ဒုတိယ အကျော့ပွဲစဉ်မှာတော့ အနိုင်ယူဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပြီးသားပါ” ဟု မက်ဆီက ပြောသည်။
အသက် ၃၅ နှစ်အရွယ် မက်ဆီသည် ဒေဂုရာသီ လီဂူးဝမ်းတွင် PSG အသင်းနန့်တတူ ၂၁ ပွဲပါဝင်ကဇတ်ထားပြီး ၁၃ ဂိုးသွင်းယူထားကာ ဂိုး ဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားသည်။
PSG အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒေနိ(မာ့ချ် ၈ ရက်နိ ) ညည့် ၂ နာရီ ခွဲတွင် ဘိုင်ယန်မြူးနစ်အသင်းနန့်ယှဉ်ပြိုင်ကဇတ်ရမည် ဖြစ်သည်။
Source – SOCCERLionel Messi claims PSG “prepared and capable” of defeating Bayern Munich without Neymar in UEFA champions league 2nd leg
Photo – SportsZion