
APM ၊ မာ့ချ် ၈ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင်အမှုကို ဒေနိ(မာ့ချ် ၈ ရက်နိ)တွင် မြောက်ဦး မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီများမရောက်၍ မစစ်ဆီးခဘဲ ရုံးချိန်းရွှိလိုက်ရကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသည့် သာလီစွ ဆီဆိုင်ပိုင်သျှင်မှာ ဦးကျော်သိန်းလှိုင်(၄၆)နှစ်ဖြစ်သည်။
အမှုကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီများမရောက်၍ မစစ်ဆီးနိုင်ခဘဲ လာမည့် မာ့ချ် ၁၃ ရက်နိသို့ ရုံးချိန်းရွှိလိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။
ဦးကျော်သိန်းလှိုင်သည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင်နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ၂၃ ရက်နိတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းနီထိုင်ရာ ထမ္မရာဇ်ရပ်ကွက်မှ နီအိမ်ထဲသို ဝင်ရောက်ဖမ်း ဆီးခခြင်း ဖြစ်သည်။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်၍ မြောက်ဦးမြို့ တရားရုံး၌ ၁၇(၁)နန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
