
APM ၊ မာ့ချ် ၈ / ၂၀၂၃
ဒေနိ( မာ့ချ် ၈ ရက်နိ) စတင်ဖြေဆိုနီကတ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမိန်းပွဲကို ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၆၉၂၈ ယောက် ဝင်ရောက်ဖြေဆို ကြောင်း သိရသည်။
စနစ်ဟောင်းတက္ကသိုလ်ဝင်စာမိန်းပွဲကို ရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ ဝင်ရောက်ဖြေဆိုရန်စာရင်းတင်သွင်းထားသူ ၁၉,၂၉၀ ယောက်ဟိပြီး ဒေနိ(စာမိန်းပွဲပထမနိ)၌ ဝင်ရောက်ဖြေဆိုကတ်သည့် ကျောင်းသား ၇၅၀၇ ယောက်နန့် ကျောင်းသူ ၉၄၂၁ ယောက် စုစုပေါင်း ၁၆,၉၂၈ ယောက်ဟိကြောင်း ရက္ခိုင်ပြည်ပညာရီးမှူးရုံးမှ သိရသည်။
ယင်းအပြင် ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် ခရိုင်အသီးသီအလိုက် ကျောင်းသား/ကျောင်းသူ ၂၃၆၂ ယောက် ဖြေဆိုရန် ပျက်ကွက်ခပြီး ယင်းထဲတွင် ကျောင်းသား ၁၂၂၉ ယောက်နန့် ကျောင်းသူ ၁၁၃၃ ယောက်ပါဝင်ကာ စစ်တွေခရိုင်မှ အများဆုံးဖြစ် သည်ဟု ဆိုသည်။
ဒေဂုစစ်ဆီးနီသည့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမိန်းပွဲကို ရက္ခိုင်ပြည် မြို့အသီးသီး၌ မြို့ပေါ်စာစစ်ဌာန ၆၀ ဖွင့်လှစ်ကာ ဒေနိ(မာ့ချ် ၈ ရက်နိ)မှ ၁၈ ရက်နိ စစ်ဆီးလားမည်ဖြစ်သည်။
ရက္ခိုင်ပြည်တွင် ကုန်ခသည့် ၂၀၂၁-၂၀၂၂ ခုနစ်က တက္ကသိုလ်ဝင်စာမိန်းပွဲကလေ့ကျောင်းသား/ကျောင်းသူ ၄၁၇၅၇ ယောက်ဝင်ရောက်ဖြေဆိုခပြီး ၁၉၇၂၉ ယောက် အောင်မြင်ခကြောင်း သိဟိရပါသည်။
