![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-08_12-57-10.jpg)
APM ၊ မာ့ချ် ၈ / ၂၀၂၃
မောင်တောမြို့နယ်ဟိ နခခ(၉) နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင် ၄ ယောက် ထွက်ဗြီးလားသည်မှာ ၂ ရက်ကြာမြင့်လာကေလေ့ ဖမ်းမရသိမ့်ဘဲ လက်ဟိအချိန်ထိ မြန်မာစစ်တပ်မှ အပြင်းအထန် ပိုက်စိုက်တိုက် ဆက်ရှာနီ ကြောင်းသိရသည်။
ထွက်ဗြီးလားသူများမှာ ရဲတပ်သား နေထက်အောင်၊ ရဲတပ်သား ဖြိုးမင်းဇော်၊ ရဲတပ်သား ဇင်ကိုကိုနန့် ရဲတပ်သား ကိုဖိုးအေး ရို့ဖြစ်ကတ်ပြီး သူရို့၄ ယောက်သည် ကုန်ခသည့် မာ့ချ် ၆ ရက်နိ၌ နခခ(၉) တပ်စခန်းကနီ လက်နက်ခဲ ယမ်းများယူဆောင် ထွက်ဗြီးလားခသည်။
သူရို့ ၄ယောက်ကိုထွက်ဗြီးလာပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ အားအလုံးအရင်းဖြင့် မောင်တော-အငူမော် ကားလမ်း၊ မောင်တော – ဘူးသီးတောင် ကားလမ်းအပါအဝင် အနားတဝှိုက်ကျေးရွာများ၌ အပူတပြင်း ပိုက်စိုက်တိုက် လိုက်လံရှာဖွီလျက်ဟိပြီး လက်ဟိအချိန်ထိ ရှာမတွိသိမ့်ဟု သိရသည်။
အဆိုပါ နခခ(၉) နယ်ခြားစောင့် စခန်းသည် မြန်မာစစ်တပ်၏ အခိုင်အမာ အထိုင်တပ်စခန်းတခုဖြစ် ဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော်ခန့်ဟိသည်။
ကုန်ခသည့် ဂျန်နဝါရီလကလေ့ မြန်မာစစ်တပ်၏ မြောက်ဦးအခြီစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၄၀) တပ်ရင်းမှတပ်ဖွဲ့ဝင် ၃ ယောက်နန့် ခမရ(၃၇၈)တပ်ရင်းမှ တပ်ဖွဲ့ဝင်တယောက်လက်နက်အပြည့်အစုံဖြင့် ထွက်ဗြီး လားကြောင်း သိဟိရပါ သည်။
![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-08_12-57-10.jpg)
![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-08_12-57-12.jpg)
![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-08_12-57-11-768x1024.jpg)