
APM၊ ဖေဖော်ဝါရီ ၈ / ၂၀၂၅
အာရက္ခတပ်တော် (AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားခရေအတိုင်း ချင်းပြည်၊ ဝိတိုရိယတောင်ထိပ်မာ ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ယာဖြစ်ကြောင်း ချင်းကာကွယ်ရီးတပ် – ကန်ပက်လက် (Chin Defence Force – Kanpetlet) က ဒေနိ (ဖေဖော်ဝါရီ ၈ ရက်နိ) အသိပီး ထုတ်ပြန်ပါရေ။
၂၀၂၀ ခုနှစ်၊ ဂျုလိုင် ၁၁ ရက်နိက CCN Channel နန့် အိန်တာဗျူးတခုမာ မဟာမိတ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ(Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျနော်တို့ ကူညီပေးမယ်” လို့ ထည့်သွင်း ပြောကြားခကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းဆန္ဒရေ ချင်းပြည်သူရို့ လိုလား တောင့်တနီရေ သဘောထားဆန္ဒလည်း ဖြစ်တေလို့ ဆိုပါရေ။
Mt.Victoria ဆိုရေ နာမည်စွာ အင်္ဂလန်ဘုရင်မ ဗစ်တိုရီးယားနာမည်ကို အစွဲပြုပနာ ဗြိတိသျှရို့က မှည့်ယူ ခေါ်ဆိုခစွာ ဖြစ်တေလို့ သိရပါရေ။
ဒေဂုအချိန်မာတော့ အကြမ်းဖက် စစ်မိစ္ဆာ အာဏာသျှင်တိကို အသက်၊ သွီး၊ ချွေး များစွာနန့် တွန်းလှန် တိုက်ထုတ်နိုင်ယာဖြစ်လို့ ချင်းရို့ကိုယ်တိုင် အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်ရေ (ချင်းပြည်တောင်ပိုင်း) ချင်းရို့၏ စစ်ရီးအောင်မြင်မှု အထိမ်းအမှတ်အနီနန့် Mt.Victoria (ဝိတိုရိယတောင်) Khawnumcung လို့ ပြန်လည်မှည့်ခေါ်နိုင်ယာဖြစ်ပြီးကေ ဝိတိုရိယတောင်ထိပ်မာလည်း ချင်းပြည်အလံတော်ကို လေးစားကြည် ညိုဖွယ်ရာ ကောင်းအောင် လွှင့်ထူနိုင်ခယာဖြစ်တေလို့ ဆိုပါရေ။
စိန်ခေါ်မှုများစွာ၊ အခက်ခဲများစွာကြားက မဟာမိတ် အာရက္ခတပ်တော် (AA) နန့် ချင်းညီနောင်တပ်ဖွဲ့ဝင်ရို့၏ ရင်ချင်းအပ် ကြောချင်းကပ်ပြီး မလျှော့ရေ ဇွဲလုံ့လ ဝီရိယကြောင့် အောင်မြင်ခြင်း မှတ်တိုင်တခုကို ပူးပေါင်းစိုက်ထူနိုင်ခစွာဖြစ်ကြောင်းလည်း ဖော်ပြထားပါရေ။
Photo – Crd
