APM ၊ ဖေဖော်ဝါရီ ၈/ ၂၀၂၃
မြန်မာစစ်တပ်ဖမ်းယူလားခပြီး မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ (ဖေဖော်ဝါရီ ၈ ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်၍ မစစ်ဆီးဘဲ လာမည့်ဖေဖော်ဝါရီ ၂၂ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရပြီး၊ရုံးချိန်းထပ်မံအရွှိခံလိုက်ရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် ရို့ဖြစ်ကတ်သည်။
သူရို ၃ ယောက်ကို ဒေနိ ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နိကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိဟိရပါသည်။