APM ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၃
ဗီယက်နမ်စစ်ပွဲအတွင်း တောင်ကိုရီးယား မရိန်းတပ်သားများက ဗီယက်နမ်၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တောင်ကိုရီးယားအစိုးရမှ နစ်နာသူဗီယက်နမ်အမျိုးသမီးတဦးအား လျော်ကြေးငွေ ဝမ်သန်း ၃၀ ပီးဆောင်ရန် ဖေဖော်ဝါရီ ၇ ရက်နိတွင် ဆိုးလ်မြို့ ဗဟိုတရားရုံးက အမိန့်ချမှတ်လိုက်သည်။
ဗီယက်နမ်စစ်ပွဲအတွင်းက နိုင်ငံအလယ်ပိုင်း ဖုန်ညီကျေးရွာ၌ တောင်ကိုရီးယားမရိန်းတပ်သားများက ယင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခသည်ဆိုကာ နစ်နာသူ အသက် ၆၂ နှစ်အရွယ် ငုယင်သီတန်အား တောင်ကိုရီးယားအစိုးရမှ ဝမ်သန်း ၃၀ (ဒေါ်လာ ၂၄၀၀၀) လျော်ကြေးပီးရန် ဆိုးလ်ဗဟိုတရားရုံးက အမိန့်ချမှတ်ခခြင်းဖြစ်သည်။
ငုယင်သီတန်သည် ၎င်း၏ နစ်နာမှုများအတွက် တောင်ကိုရီးယားအစိုးရအား ပြီးခသည့် ၂၀၂၀ခု နှစ်က တရားစွဲဆိုခပြီးနောက် ၃နှစ် အကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး တရားရုံးက အယူခံဝင်မည်လားဆိုသည်ကိုမူ တောင်ကိုရီးယား တရားရီးဝန်ကြီးဌာနက မတုံ့ပြန်သိမ့်ကြောင်း သိရသည်။
ငုယင်သီတန်၏ စွဲဆိုချက်၌ ၁၉၆၈ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နိတွင် ၎င်းနီထိုင်သည့် ဖုန်ညီနန့် ဖုန်နက်ခ်ရွာသို့ တောင်ကိုရီးယားစစ်သားများ ဖြတ်ကျော်ဝင်ရောက်စဉ် အမျိုးသမီးနန့် အချေအများစုပါဝင်သည့် ရွာသား ၈၀ ကျော်ကို သတ်ဖြတ်ခကာ ထိုအထဲတွင် ၎င်း၏ မိခင်အပါအဝင် မိသားစုဝင် ၅ယောက် သီဆုံးခရကြောင်း ဖော်ပြထားသည်။
တောင်ကိုးရီးယားတပ်သားများအနီနန့် ထိုအချိန်အခါက ဗီယက်ကောင်းပြောက်ကျားများနန့် ရောနှောနီထိုင်သည့် အရပ်သားများကို သတ်ဖြတ်ရခြင်းသည် ယှောင်လွှဲမရနိုင်ကြောင်း တောင်ကိုရီးယားအစိုးရ၏ ငြင်းဆိုချက်ကိုလေ့ တရားရုံးက ပယ်ချခကြောင်း ငုယင်သီတန်၏ ရှိနီ Lim Jae-sung က ဆိုသည်။
ဗီယက်နမ်စစ်ပွဲအတွင်း ကွန်မြူနစ်ဆန့်ကျင်သည့် တောင်ကိုရီးယားသည် ၎င်းတို့၏တပ်ဖွဲ့ဝင် ၃သိန်း ၂သောင်း ကျော်ကို
အမေရိကန်တပ်များအား စစ်ကူပီးရန် ဗီယက်နမ်သို့ စေလွှတ်ခကြောင်း သိရသည်။
Source – Court says South Korea responsible for Vietnam War massacre
Photo – AP