
APM ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရီးမှူး ၂ ယောက်အမှုကို နက်ဖြန်(ဖေဖော်ဝါရီ ၉ ရက်နိ)တွင် ဘူးသီးတောင်မြို့ တရားရုံး၌ ရုံးထုတ်စစ်ဆီးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီး ကျောင်းစျီးရွာ အုပ်ချုပ်ရီးမူး ဦးဟာမတ်တူဆောင်း ရို့ဖြစ်ကတ်သည်။
ယင်းအထဲမှ ဦးဟာမိတ်တူဆောင်းကို ကုန်ခသည့် ဖေဖော်ဝါရီ ၂ ရက်နိက ဘူးသီးတောင်မြို့ တရားရုံး၌ ရုံးထုတ်လျက် လိုပြသက်သီနှစ်ယောက်ကို စစ်ဆီးခပြီး ဖေဖော်ဝါရီ ၉ ရက်နိသို့ထပ်မံရုံးချိန်းထားခြင်းဖြစ်ကာ ဦးဦးကျော် လှကိုတော့ ဖေဖော် ဝါရီ ၂ ရက်နိက ရုံးထုတ်ခကေလေ့ မစစ်ဆီးပဲ ဖေဖော်ဝါရီ ၉ ရက်နိသို့ ထပ်မံရုံး ချိန်းထားခြင်း ဖြစ်ကြောင်း မိသာစုဝင်များကပြောသည်။
ပြီးခရေ ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင် မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။
